Ma MaOctober 10, 20131min36137
  တစ်ကျောင်းတစ်ဂါထာ တစ်ရွာတစ်ပုဒ်ဆန်းဆိုသလို အခေါ်အဝေါ်တွေ ကွဲပြားတတ်ကြပါတယ်။   ကိုယ့်အရပ်နဲ့ ကိုယ့်ဇာတ်ဟုတ်နေကြတော့ ထူးတယ်လို့ကို မထင်ဘူး။ တစ်မြို့တစ်ရွာရောက်မှ ကိုယ့်အခေါ်အဝေါ်တွေဟာ သူတို့နဲ့မတူပဲ တမူထူးဆန်းနေတာတွေ ဖြစ်တတ်တယ်။   တစ်ခါတုန်းက …………. နွေကျောင်းပိတ်ရက်မှာ မိတ်ဆွေတွေရဲ့ မြို့ကို သွားလည်ဖြစ်တယ်။   အဝတ်အစားတွေထည့်တုန်းက ခြုံထည်ပုဝါ မေ့ပြီးထည့်မလာခဲ့မိတာကို ရေချိုးခါနီးမှ သိတော့ ………..   အိမ်ရှင်ကို ဖူးစောင် ရှိလားလို့ မေးတော့ အိမ်ရှင်က ကြောင်တက်တက်ဖြစ်သွားတယ်။   ဖူးစောင် ဆိုတာ ဘာကို ခေါ်တယ်ဆိုတာကို အိမ်ရှင်က နားမလည်တာ။   “ဘာလုပ်ဖို့လဲ” လို ့ ပြန်မေးတော့ ကိုယ်လည်းကြောင်သွားတာပေ့ါ။ မေးမိတာမှားပြီ။ မပေးချင်လို့လား၊ မရှိလို့များလားလို့ အတွေးရောက်သွားတယ်။   နောက်မှပြောရင်းဆိုရင်း လိပ်ပတ်လည်ပြီး […]