ငယ်ငယ်တုန်းက ဇလင်းထမုံ ဇလုံထမင်း။ ဖေ့ဘွတ်မှာ ဇလုံထမင်းတွေတွေ့တော့ သတိရလာတယ်။ ဇလုံထမင်းကို သတိမရခင် မှတ်မှတ်ရရသတိရမိတာ စတီးလ်ပန်းကန်တွေ ငယ်ငယ်တုန်းကတော့ ကျမကွဲအောင်ကျွေးတာလေ။ ကိုယ်က ကလေးဆိုတော့ စတီးလ်ပန်းကန်ကို လှည့်လှည့်ပြီးစားတာ ပန်းကန်သွားရင် တစ်လုတ်၊ နောက်တစ်လုတ်မစားခင် ထပ်လှည့်နဲ့။ ဟိဟိ။ အခုတော့ စတီးလ်ပန်းကန် ဒါမှမဟုတ် စတီးလ်ဇလုံဆို မစားချင်တော့ စိတ်ထဲလည်း ဘာဖြစ်မှန်းမသိဘူး။ ကြွေပန်းကန် ကြွေပန်းကန်လုံး နဲ့ပဲ စားချင်တော့တယ်။ ခုတော်တော်များများဆို စတီးလ်ကို သုံးတဲ့ လူမျိုးတွေသာ တွင်တွင်ကျယ်ကျယ် သုံးတာ တွေ့သလားလို့ပါ။ ဇလုံထမင်းအကြောင်း ပြန်လှည့်ရအောင်။ ဇလုံထမင်းနဲ့ သိပ်မဝေးခဲ့ပေမယ့် သိပ်တော့ မထိတွေ့ဖြစ်ဘူးဆို မှန်ပါတယ်။ ဇလုံထမင်း ဘယ်လိုဖြစ်လာသလဲတော့ သေချာမသိပေမယ့်။ ကျတော့်အနေနဲ့ ဇလုံထမင်း ဘယ်လိုဖြစ်ခဲ့လဲဆိုတော့ တွေးတော မှန်းဆ ရမ်းတုတ် […]