moonpoemJuly 1, 20111min965
သင်္ကြန်ပိတ်ရက်ရှည်ပြီးတော့ အခုလာမယ့် ဇူလိုင်မှာ ၁၅ရက်၊၁၆ရက်၊၁ရရက်၊၁၈ရက်၊၁၉ရက်ဆိုပြီးပိတ်ရက်တွေရှိနေပါတယ် ၁၅ရက်နေ ့က ဝါဆိုလပြည့်နေ၊ ၁၉ရက်နေ့က အာဇာနည်နေ ့စနေနေ့နဲ ့တနင်္လာနေ ့ကိုခွင့်ယူပြီး နယ်ကိုပြန်လို ့ရတယ်လေ။ ဒီပိတ်ရက်မှာ အိမ်မပြန်ဖြစ်ဘူးဆိုရင်နောက်ထပ်ဒီလိုပိတ်ရက်ဆက်တိုက်ရဖို ့မလွယ်တော့ပါဘူး။ ရန်ကုန်နေတဲ့သူအနေနဲ ့လည်း ခရီးထွက်သင့်တယ်လို ့ထင်ပါတယ်။ အမြဲတမ်း အလုပ်နဲ ့အိမ်နဲ ့ပဲဆိုရင် ငြီးငွေ ့မှာပဲလေနော်။ အဲဒါကြောင့်အိမ်ပြန်ရင်ကောင်းမလားလို ့စဉ်းစားနေတယ်လေ။ ပိတ်ရက်တွေက တနင်္ဂနွေ နဲ ့ကြုံရင်သိပ်မုန်းတာပဲ။ ဒီဇူလိုင်လကတော့ သိပ်ချစ်ဖို ့ကောင်းတယ်နော်။ ခရီးသွားမယ်ဆိုရင်ရော ကျိုက်ထီးရိုးက မိုးတွင်းသွားလို ့မကောင်းဘူး။ ခက်တယ်။ ပဲခူး၊သန်လျင်လောက်ဆိုရင်တော့ မဆိုးဘူ။ ဇလွန်ပြည်တော်ပြန်ဘုရားကိုလည်း မရောက်ဘူးသေးဘူ။။ တော်ပါပြီး ခရီးသွားရင် ပိုက်ဆံကုန်မယ့် အစားအမရပူရ ကိုပြန်ပြီး ဦးပိန်တံတားကိုပဲ သွားလည်တာ ကောင်းမယ်ထင်တယ်။ မိဘနဲ့လည်း တွေ […]