Mee WahJune 24, 20141min964
အရင်တုန်က နာမည်ကျော် အိမ်ဆောက်လုပ်ငန်းကြီးတစ်ခုမှာ အလုပ်လုပ်နေတဲ့ လက်သမားဆရာကြီး တစ်ယောက်ဟာ အသက်ကြီးလာတဲ့အတွက် အလုပ်ကနေ အနားယူဖို့အတွက် ပြင်ဆင်နေသတဲ့။ ဒါနဲ့ ဆရာကြီးဟာ သူအလုပ်ရှင်ကို အကျိုးအကြောင်းပြောပြပါတယ်။ အိမ်ဆောက်လုပ်ငန်းကို စွန့်ခွာပြီး မိသားစု နဲ့ သိုက်သိုက်ဝန်းဝန်း နားနားနေနေ နေဖို့စိတ်ကူးထားတဲ့အကြောင်းပေါ့။ ပိုက်ဆံကတော့ အရင်တုန်းကလို ဝင်တော့မှာမဟုတ်မှန်းသိပေမဲ့ အသက်ကြီး လာတော့ နားချင်ပြီးလို့ သူကပြောသတဲ့။ ဘယ်လိုပဲဖြစ်ဖြစ် စုဆောင်းထားတာလေးနဲ့တော့ အဆင်ပြေမှာပါလို့လည်း အလုပ်ရှင်ကို လက်သမားဆရာကြီးကပြောသတဲ့ကွယ်။ သည်စကားကိုကြားရတော့ ကန်ထရိုက်တာကြီး အတော့ကိုစိတ်မကောင်းဖြစ်သွားတယ်။တကယ်တော့ သူ့လုပ်ငန်းမှာ ဒီလက်သမားဆရာကြီးက အခရာပဲလေ။ အင်မတန်လုပ်ရည်ကိုင်ရည်ရှိတဲ့ လက်သမားကြီးပေါ့။ လက်ရာလည်းအင်မတန်ကောင်းတဲ့ သူဆိုတော့ တော်တော်နှမြောသပေါ့။ အေးလေ…သူလည်းအသက်ကြီးပြီဆိုတော့ နားချင်မှာပေါ့။သူ့ဘက်ကကြည့်ရင် တရားပါတယ်လို့ အလုပ်ရှင်ကတွေးပါတယ်။ ဒါနဲ့ အနားမယူခင်မှာ အိမ်တစ်လုံးတော့ မဖြစ် ဖြစ်အောင် ဆောက်ပေးပါဦးဆရာ ကြီးရယ်၊ကျွန်တော်ကို […]


Mee WahJune 23, 20141min1617
နိုင်ငံတော်သမ္မတရုံးအကြံပေး ဦးအံ့မောင်ကို အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနက မနေ့ညက ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ နေပြည်တော် အသိုင်းအဝိုင်းက သိရပါတယ်။ ဦးအံ့မောင်ကို ဖမ်းဆီးထိန်းသိမ်းလိုက်တဲ့ကိစ္စဟာ ပြီးခဲ့တဲ့ရက်ပိုင်းက အဖမ်းခံထားရတဲ့ သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်ကိစ္စနဲ့ ဆက်စပ်နေတယ်လို့လည်း သိရပါတယ်။ အဲ့ဒီကိစ္စနဲ့ ပတ်သက်ပြီး ပါဝင်ပတ်သက်သူ ၉ဦးရှိပြီး အဲဒီလူပုဂ္ဂိုလ်တွေအားလုံးကို အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနက ဆက်လက် အရေးယူသွားမယ်လို့လည်း သိရပါတယ်။ RFA   အပြစ်ရှိသူတွေရှိသလို အရေးယူခံရပြီး အပြစ်မရှိသူတွေ အမြန်ဆုံးလွတ်မြောက်နိုင်ပါစေ….


Mee WahJune 23, 20141min14210
အသက် ၁၈နှစ် နှင့် အောက် (ဝေလီဝေလင်းဈေး) ================================= သူကတော့ မနက် ၅ နာရီလောက် ဈေးသွားဝယ်ရသလိုပါပဲ။ အဲဒီအချိန်မှာ ဈေးသွားဆစ်လို့မရပါဘူး။ ရောင်းတဲ့လူက ကြိုက်ဈေးရမှ ရောင်းပါမယ်။ ဒါပေမယ့် အရမ်းကို လတ်ဆတ်တာတွေကို စိတ်ကြိုက်ဝယ်ယူနိုင်ပါတယ်။ – အသက် ၂ဝ (မနက်ခင်းဈေး) [လူစည်စအချိန်] =============================== ဒီအချိန်ကတော့ မနက် ၆ နာရီ အချိန်လောက်ပါ။ စောစောစီးစီးဈေးထဝယ်ထားတဲ့ လူတချို့ကြောင့် အကောင်းတကာ့ အကောင်းဆုံးတွေ ပါသွားတာကလွဲလို့ ကျန်တာတွေအကုန်လုံး အကောင်းတွေပါပဲ။ ဒီအချိန်မှာ ဈေးစဆစ်လို့ ရပါပြီ။ – အသက် ၂၅ ဝန်းကျင် (မနက်ခင်းဈေး) [လူစကွဲချိန်] ================================== အချိန်အားဖြင့် မနက် ၈ နာရီလောက်ရှိပါပြီ။ ဝေလီဝေလင်းထဝယ်ထားတဲ့ လူတချို့ရယ်၊ ဈေးစည်စအချိန်မှာ […]