ရခိုင်ပြည်နယ် ရမ်းဗြဲမြို ့၊အမှတ်(၂)ရွှေတုံးရပ်ကွက်အတွင်း ဖွဲမီးစက်မှထွက်သော ဖွဲမှုန် ့များနှင့် အနံ ့ဆိုးများကိုဒေသခံများ ခံစားနေရပါသည်။ အဆိုပါ ဖွဲမီးစက်မှာ ရမ်းဗြဲမြို ့၏လူအစည်ကားဆုံး မြို ့လယ်တွင် တည်ရှိပြီး၊စက်ရုံ ဘေးတွင် တန်းချောင်းစီးဝင်ရာ ရွှေတုံးချောင်းနံဘေးတွင်တည်ရှိပါသည်။စက်ရုံအနီး ၌ အခြေခံပညာ အယ်တန်းကျောင်း၊မြို ့နယ်ပြည်သူ ့ဆေးရုံ၊မြို ့လယ်ဓမ္မာရုံကြီးတို ့ တည်ရှိသည်။အဆိုပါ စက်ရုံမှ အနံ ့ဆိုးများနှင့်ဖွဲမှုန် ့များကို စာသင်ကျောင်းမှ ကလေးသူငယ်များ၊ဆေးရုံမှလူနာများ၊ရပ်ကွက်တွင်းနေလုပ်သားပြည်သူများ နေ ့စဉ် အနံ ့ဆိုးကို ရှုရှိုက်နေရပြီး၊ထိုဖွဲမှုန် ့များကြောင့် စက်ရုံအနီးရှိ လုပ်သားပြည်သူများ ကျန်းမာရေးကိုထိခိုက်မှုကြုံနေရပါသည်။ ဖွဲမီးစက်မှ ထွက်သောအနံ ့ဆိုးများကြောင့်စက်ရုံအနီးရှိစာသင်ကျောင်းမှ ကလေးသူငယ်များအပါအဝင်၊ရပ်ကွက်နေပြည်သူများ အဆုတ်နှင့်ပတ်သက်သော ရောဂါရနိုင်ကြောင်း မြို ့နယ်ဆရာဝန်ကြီးမှပြောကြားကြောင်းသိရပါသည်။ ကျွန်တော်တို ့မြို ့သူ၊မြို ့သားများသည် သူများ၏အကျိုးစီးပွားကိုပျက်စီးစေရန်မ […]