Linn LettSeptember 29, 20101min570
ဗြိတိန်သိပ္ပံပညာရှင်တို့က ညအိပ်သည့်အချိန်တွင် အိပ်ကောင်းခြင်း အိပ်ပျော်စေသည့် အဓိကအချက်ကို ရှာဖွေဖော်ထုတ်ခဲ့ကြောင်း သိရသည်။ သိပ္ပံပညာရှင်တို့၏ဖော်ပြချက်အရ လူတို့၏ဦးနှောက်တွင်းရှိ ဦး နှောက်လှိုင်းပေါက်ကွဲမှုက လျှပ်စစ်ဓာတ်ဆိုင်ရာစေ့ဆော်မှုကို ဖြစ်စေခြင်း ကြောင့်ဖြစ်သည်ဟုဆိုသည်။ ဦးနှောက်တွင်းရှိလှုပ်ရှားမှုက အသံဗလံများ ကို စစ်ထုတ်ပေးသည့်အတွက် အချို့သူများကို ကောင်းစွာအိပ်ပျော်စေခြင်း ဖြစ်သည်ဟုဆိုသည်။ ဦးနှောက်လှိုင်းများသည် အသံဗလံများကို စိတ်ထဲ တွင် ပေါ်လာစေရန် စဉ်းစားပေးသည့်လက္ခဏာ ဖြစ်လေရာ ထိုအသံဗလံများက အိပ်မပျော်ခြင်းကို ဖြစ်စေခဲ့ခြင်းဖြစ်သည်။ ဦးနှောက်ကိုချော့ပေးခြင်းသည် လျှပ်စစ်ဓာတ်ဆိုင်ရာလှုပ်ရှားမှုကို ပိုမိုဖြစ်ပေါ်စေပြီး အိပ်ရေးဝအောင်အိပ်ပျော်စေခြင်းဖြစ်ကြောင်း သုတေသီ တို့က ပြောကြားခဲ့ကြသည်။ အချို့သောသူများသည် ဆူညံသံများထွက်ပေါ်နေလျှင်ပင် အဘယ် ကြောင့် ကောင်းစွာအိပ်ပျော်ရသည်။ အချို့လူများက အဘယ်ကြောင့် အခြား သူများထက်ပို၍ အိပ်ရေးဝအောင်အိပ်ပျော်ရသည်ကို အသေးစိတ်စမ်း သပ် စစ်ဆေးရန်ကြံစည်လျက်ရှိသည်ဟု ဟားဗတ်ဆေးပညာကျောင်းမှ ဂျက်ဖရီအယ်လင်ဘိုဂျင်က ပြောကြားခဲ့သည်။ ဒေါက်တာအယ်လီဘိုဂျင်က […]