Yin Nyine NwayMay 30, 20131min55025
ဒီဂနေ့ဖတ်လိုက်ရတဲ့ စာအုပ်ကြော်ငြာလေးတစောင် နာမည်က ညသိပ်ရေနွေး အဆိပ်ထက်ပြင်း ညသိပ်ရေနွေးဆိုလို့ အနော် ကြုံဖူးတဲ့ ဘဝပေး သင်ခန်းစာလေးတခုကိုအမှတ်ရလိုက်လို့ပါ အနော် တောင်ကြီးမှာ နေတုန်းက အနော်တို့လူမျိုးတွေက ရေနွေး သပ်သောက်ကြတယ် ရေနွေးကို အခါးရည်လို့လည်းခေါ်ကြတယ် ဒီမှာတော့ အဖန်ရေလို့ခေါ်တာပေါ့ အခါးရည်ဆိုတာ ဒီမှာတော့ အရက်လို့ပြောတာပဲ အဲ အခါးရည်ကို အိမ်လာတဲ့ လူတိုင်းကိုတိုက်တယ် အိမ်မှာနေရင်းလည်းသောက်ကြတယ်… မပါမဖြစ်… အိမတအိမ်တက်ရင် အနည်းဆုံးတော အခါးရည်လေးတော့ တိုက်ကြတာကြီးပဲ အဲမှာ အနော့် အဒေါ်ကတော့ အသောက်နိုင်ဆုံးလူ အဖြစ်သတ်မှတ်ရမယ် ဘာလို့လဲဆို အဒေါ်က မိုးလင်းမိုးချုပ်ထိသောက်တယ် …ရေဆာလဲသောက်တယ်… ထမင်းစားလဲသောက်တယ် … အားနေရင်းကို သောက်နေတော့တာပဲ ရေနွေးတအိုးကို ဘယ်လောက်မှ မရှိသေးဘူး ကုန်ပြီ တနေကုန်လဲ ရေနွေးတည်နေတယ် အဲမှာစတာပဲ အဒေါ်ရေနွေးစွဲတော့ မနက် […]