မြသဲ ( 17082011 )July 4, 20121min19331
အခုတလောတိုင်းပြည်ရေးနဲ့ပါတ်သက်ပြီး စိတ်မအေးစရာတွေတခုပြီးတခုပေါ်နေတာ စိတ်မသက်မသာခံစားနေ ရလို့ဒီပိုစ့်ကိုရေးလိုက်တာပါ။ အဓိက ကတော့ ရခိုင်လူမျိုးတွေကိုအဓိကထားပြီးပြောချင်တာပါ။ အသုံးချခံဖြစ်နေတယ်လို့ယူဆမိလို့ပါ။ ကျွန်မပါတ်ဝန်းကျင်မှာရခိုင်များပါတယ်။ များတာမှတော်တော်များပါတယ်။ ရိုဟင်ဂျာအ ရေးဆူပွက်နေစဉ်ကတဲက ရခိုင်တွေဆီကနေဒီစကားကိုကြားခဲ့ရတာပါ။ ပထမတော့ကျွန်မက ဒီစကားအပေါ် မှာသိပ်စိတ်မပူခဲ့ဘူး။ သွေးဆူတုန်း ခဏပေါ့လို့ထင်ခဲ့မိတာပါ။ ဒါပေမဲ့ အခုတလောမှာ ဒီစကားက ရခိုင်လူမျိုး တွေကြားထဲတော်တော်လေးကျယ်ပြန့်လာပြီး အမေစုကိုတောင်ရန်ရှာတော့ မယ့်အခြေ အနေဖြစ်လာလို့ ဒီပိုစ့် ကိုတင်လိုက်တာပါ။ “ ကျွန်မဒီစကားပြောလို့ ရခိုင်တွေကြိုက်ချင်မှကြိုက်မယ်။ တကယ်တော့ လူနဲစုကို လူများစုကအနိုင်ကျင့်နေ တယ် ” လို့အမေစုကပြောတယ်ဆိုတဲ့စကားသံအပေါ်မှာ ရခိုင်လူမျိုးတွေတအားစိတ်ဆိုးနေတယ်ဆိုတဲ့စကား ကျွန်မကြားနေတာ တော်တော်ကြာပါပြီ။ မကြာခင် ဒီစကား ကပျောက်သွားမှာပဲလို့ထင်ခဲ့ပေမဲ့ အခုအဲဒီစကား ဟာ အမေစုနဲ့ ရခိုင်လူမျိုး၊ ရခိုင်လူမျိုးနဲ့ မြန်မာလူမျိုးကြား မီးပွားအကြီးကြီးဖြစ်လာပါပြီ။ အဲဒီတော့ ကျွန်မ တောင်းပန် ချင်တာက ဒီစကားကို […]