မိုးကုတ်ကို ရောက်တော့ ညပိုင်းအပြင်ထွက်တဲ့အခါ မိုးရွာနေတာရယ်၊ နောက်ညပိုင်းအပြင်ထွက်ရင်ကင်မရာ မပါတာရယ်ကြောင့် ညပုံလေးတွေ့လက်ဆောင်မပါခဲ့ပါဘူး။ ဒါပေမယ့် ဒါကတော့ လမ်းလျှောက်နေရင်းရိုက်လိုက်တော့ သိပ်တော့ မပီပြင်ပါဘူး ။ ဒီပုံလေးကတော့ ကျနော်တည်းတဲ့တည်းခိုးခန်းပေါ်ကနေ လှမ်းရိုက်ထားတဲ့ပုံ။ သူကတော့ မြို့တောင်ဘက်ခြမ်းက ပုံလေးပေါ့။ မပီ့တပီ မီးနီနီလေးတွေကလဲ ဘုရားလေးတွေပါဘဲ။ ဒါကတည်းခိုးခန်းပေါ်ကရိုက်ထားတာလေးပါ။ တကယ်ပြောရင် ညရူ့ခင်းလေးတွေကို အရင်ပုံတွေလောက်စိတ်တိုင်းမကျပါဘူး သိပ်မပီပြင်လို့ပါ။ ဒါပေမယ့် ကိုယ့်ငါးချဉ် ကိုယ်ချဉ်မယ်ဆိုရင်တော့ လှတယ်လို့ထင်မိတာကြောင့်…………………