နာမည်က `ညှို့မဂ္ဂဇင်း´ပါတဲ့..။ မျက်နှာဖုံးရှင်မိန်းကလေးရဲ့ ဝတ်စားပုံ၊ ဓာတ်ပုံရိုက်ထားတဲ့ ကိုယ်နေဟန်၊ အပြင်အဆင်တွေက အလန်းစား.. မဂ္ဂဇင်းရဲ့ မျက်နှာဖုံးအောက်ခြေမှာ အရွယ်မရောက်သေးသူများ မဖတ်ရလို့ စာလုံးအနီနဲ့ ထင်ထင်ရှားရှားကြီး သတိပေးတားမြစ်ထားတဲ့ စာတမ်းဖတ်ရတာကိုက တစ်မျိုးဆွဲဆောင်နေသယောင်ရယ်။ ဒီမဂ္ဂဇင်း မထွက်ခင်ကတည်းက လူတွေပါးစပ်ဖျားမှာ တိုးတိုးတမျိုး၊ မကြားတကြားတဖုံ သဖန်းပိုးနေကြသလို… အင်တာနက်စာမျက်နှာများပေါ်မှာတော့ ပလူပျံလို့ပေါ့။ အသစ်အဆန်းဆို စိတ်ဝင်စားတတ်တဲ့ လူငယ်တွေ ကြားထဲမှာရော ဤလိုမဂ္ဂဇင်းမျိုး တသက်နဲ့တကိုယ် (နိုင်ငံခြားမဂ္ဂဇင်းများကို မဆိုလို) မတွေ့မကြုံဖူးတဲ့ လူကြီး/သူမတို့ ကြားမှာရော နာမည်ကြီးနေခဲ့တယ်ဆိုတာ ပြောဖို့မလိုတော့ပါဘူး။ စာနယ်ဇင်းလွတ်လပ်ခွင့်တွေ လျှော့ပေါ့ပေးလိုက်တဲ့အချိန်မှာ ဒီလိုမဂ္ဂဇင်းမျိုးအတွက် ဘယ်လောက်ထိ ဖွင့်ချခွင့်ပေးထားသလဲ၊ စီစဉ်သူတွေဘက်ကရော ဘယ်လောက်ထိ (ပွင့်လင်းမြင်သာလို့ သုံးလိုက်ရမလားပဲ) ထင်ထင်ပေါ်ပေါ် ချပြလာမလဲ စိတ်ဝင်စားမိပါတယ်။ မထွက်ခင်ကတည်းက `ဇ`ပြထားတဲ့ ညှို့မဂ္ဂဇင်းအတွက် အမှတ်စဉ်(၁) ထွက်ပြီးချိန်မှာ […]