Wai Yan LattJanuary 8, 20131min46365
၂၀၁၂ခု ဒီဇင်ဘာလထဲမှာ တော် တော်လေးလှုပ်ခတ်တဲ့ သတင်းကတော့  မဂ္ဂဇင်းသစ်တစ်စောင်ဖြစ်တဲ့ ညှို့မဂ်္ဂဇင်း  အမှတ်(၁) စတင်ပေါ်ထွန်းလာပါတယ်။   အဲဒီမှာ ဝေဖန်သံတွေ ညံလာပါတယ်။    ညစ်ညမ်းစာပေရယ်လို့ဝေဖန်ကြတာကြောင့် ၎င်းမဂ္ဂဇင်း အယ်ဒီတာချုပ်က ပြဿနာ တော်တော်ရှင်းလိုက်ရတယ်လို့ဆိုပါ တယ်။ ဤတွင် ဖြစ်ပုံတစ်ခုက ဒီလိုပါ။   တစ်ခုသော နံနက်မှာ December  2012  ၂၀၁၂ ထဲမှာထုတ်တဲ့ ဂျာနယ်တစ်စောင်မှာ ရေးထားတာကတော့ ညှို့မဂ္ဂဇင်း  ပါ အကြောင်းအရာများသည် ညစ်ညမ်း   စာပေဖြစ်၍ ဥပဒေအရ အရေးယူနိုင်ပြီး    ရဲကဝရမ်းမပါဘဲ ဖမ်းနိုင်ခွင့်ရှိတယ်ဆို တဲ့ အကြောင်းရေးတာကိုဖတ်မိတော့ ကျွန်တော် တော်တော်လန့်သွားတယ်။ ၎င်းင်းမဂ္ဂဇင်း၌ ကျွန်တော်ဒေါက်တာထွန်းဝင်း ရေးတဲ့ဆောင်းပါးသုံးပုဒ်ပါဝင်နေပါတယ်။ သို့သော် ၎င်းမဂ္ဂဇင်းတိုက်၌ စာမူခလည်းမထုတ်ရသေး၊မဂ္ဂဇင်းလက်ဆောင် လည်းမရသေးလို့ ဘာတွေဖြစ်ကုန်တာလဲ  မသိပါ။ သို့နှင့်ညှို့မဂ္ဂဇင်းတစ်အုပ်ကို အပြေးအလွှားဖတ်ကြည့်လိုက်ရပါတယ်။ ၎င်းနောက် အတိတ်ဇာတ်ကြောင်းကို  ပြန်ပြောင်းတင်ပြရရင်ဒီလိုပါ။ကျွန်တော်က […]