ဂ်စ္စူOctober 12, 20101min24314
စွမ်းအင်ညွှန်မှူး မောင်းလာသည့်ကား လယ်ဝေးမြို့ အဝင်တွင် ယာဉ်တိုက်မှုဖြစ် ယမန်နေ့ည ၁ဝနာရီခွဲခန့်က စွမ်းအင်ဝန်ကြီးဌာနမှ ညွှန်မှူး ဦးသိန်းထွတ် ကားမောင်းနေစဉ် လယ်ဝေးမြို့အဝင်တွင် အုတ်သဲတင်ယာဉ်ကို နောက်ဘက်မှ ဝင်တိုက်မိပြီး အပြင်းအထန် ဒဏ်ရာရသွားသည်။ မြို့အဝင်ရှိ စိန်ရွှေနန်း ရွှေဆိုင် မရောက်မီလေးတွင် တိုက်မိခြင်း ဖြစ်သည်ဟု မျက်မြင် သက်သေများက ပြောပြသည်။ “ဘေးကလူတွေ ဝိုင်းပြီး ဆွဲထုတ်ကြ၊ သူ့အိတ်ထဲက လိပ်စာကတ်၊ ဝန်ထမ်းကတ်တွေကို ကြည့်တော့မှ စွမ်းအင် ဝန်ကြီးဌာနက ညွှန်မှူး ဖြစ်တာ သိရတယ်။ သူ့လိပ်စာကတ် မှာပါတဲ့ ဗိုလ်မှူး တယောက်ဆီကို ဖုန်းဆက် အကြောင်းကြားပေးပြီးတော့ သူ့ကိုတော့ ကားနဲ့ နေပြည်တော် ဆေးရုံ ပို့လိုက်တယ်။ ကားထဲက ဆွဲထုတ်တော့ သတိမေ့နေတယ်” ဟု မျက်မြင် သက်သေတဦးက […]