etoneJuly 23, 20101min571
တကယ်အလုပ်ရှာချင်တာလား အလုပ်တစ်နေရာရရှိဖို့ ခက်ခဲတဲ့အချိန်မှာ အလုပ်လိုချင်သူဘက်က သတ်မှတ်အရည်အချင်းတေါ ပြည့်မီဖို့ လိုအပ်သလို အလုပ်ကိုလိုအပ်မှုရှိမရှိ မျက်စိဖွင့်နားစွင့်ပြီး ကုမ္ပဏီတွေ၊ အင်န်ဂျီအိုတွေမှာ ကိုယ်ရေးအချက်အလက်မျိုး တွေပေးထားပြီး သေချာရှာသင့်တယ်လို့ MHR မှဆရာဦးအေးကျော်က အကြံပေးပါတယ်။ ဆရာဦးအေးကျော်က ‘ အလုပ်ရှာတဲ့အခါ အရင်ထက်ဝီရိယစိုက်ထုတ်ဖို့လိုတယ်၊ အလုပ်ခေါ်တဲ့ ကြော်ငြာတွေ တွေ့မှ အလုပ်လျှောက်တာထက် မိမိကစပြီး ဘယ်နေရာတွေမှာအလုပ်ခေါ်ဖို့ ရှိတယ်ဆိုတာ လိုက်စုံစမ်းပြီး လျှောက်တာ၊ အဲဒါကို pro-active လို့ခေါ်တယ်၊ ပုံမှန်အခြေအနေတွေမှာ re-active လို့ခေါ်တဲ့အလုပ်ခေါ်မှ သွားလျှောက်ရုံနဲ့ အဆင်ပြေနိုင်ပေမယ့် ဒီလိုအခြေအနေမှာတော့ pro-active ပါတွဲပြီးအလုပ်လျှောက်မှ အဆင်ပြေနိုင်မှာ’ လို့သူ့အမြင်ကို ပြောပါတယ်။‘ မိတ်ဆွေအပေါင်းအသင်းတွေထံကနေ တစ်ဆင့် အလုပ်လုပ်ချင်လို့ လူလိုတာရှိရင် ပြောပါဦးဆိုပြီး ရှာဖွေတာ၊ ကိုယ်အလုပ်လုပ်ချင်တဲ့ ကုမ္ပဏီတွေဆီသွားပြီး လူလိုလား၊ စီဗွီ(CV) ပေးထားလို့ […]