etoneApril 8, 20111min34120
cvnv ကျမဘဝ သက်တမ်းတလျှောက်လုံးမှာ ပြသနာ အတတ်ဆုံး လူ့အသုံးဆောင် ပစ္စည်းကတော့ စနေနံဖြစ်တဲ့ ထီးနဲ့ ဖိနပ်ပါပဲ … ကျမသုံးတဲ့ ထီးတစ်ချောင်း မိုးတွင်းတောင် မခံဘူးလေ … တစ်မိုးကို နှစ်ချောင်းသုံးချောင်းလောက်ကိုဝယ်ရတယ် … ။ ကိုင်းကျိုးလိုက်… လက်ကိုင်ပြုတ်သွားလိုက် … အရွက်ပြဲလိုက်နဲ့ မရိုးနိုင်အောင်ကိုပဲ ဖြစ်နေတာ… ။ ထီးနဲ့ပတ်သတ်ပြီး စိတ်နာစရာကလည်း ရှိခဲ့တာကိုး …။ မိုးတွင်း အပြင်က ပြန်လာလို့ ထီးလှန်းထားလျှင် ဘယ်အိမ်က အလေနတောကြောင် သေးလာပန်းလည်း မသိဘူး (အိမ်ကကြောင်လေးက သေးမပန်းတတ်ပါ) ။ …. မွန်ထူနေတာပဲ.. လူကြားထဲ ထီးဖွင့်ဆောင်းရင် အရှက်ကွဲရတယ်… ။ ကျမက ပျော်ပျော်နေတတ်တော့ တစ်ခါတစ်လေ အိမ်မှာနေရင် နည်းနည်းပေါတယ်… ခုန်ပေါက်နေချင်လည်း နေတတ်တယ် […]