ဦးသုJanuary 27, 20131min1476
နတ်ဟူသည်ကား ဘုမ္မစိုးနတ် နှင့် အာကာသစိုးနတ်ဟူ၍နှစ်မျိုးရှိ၏။ ထိုနှစ်ပါးတို့တွင် လူတို့တည်ရာမြေ၌ ဗိမာန်ဖြင့်သော်လည်းကောင်း  သစ်ပင်တောတောင် လှိုဏ် စသည်၌သော်လည်းကောင်း နေသော သာတာဂိရိနတ် ၊ ပရာမေသုရာနတ် ၊ အာဠာဝကနတ် စသည်တို့သည် ဘုမ္မစိုးနတ် မည်ကုန်၏။ ထိုနတ်မျိုးကိုပင် သစ်ပင်ဗိမာန်၌ နေသည်ကိုအစွဲပြု၍ ရုက္ခစိုးဟုလည်းခေါ်သည်။ အထက်နတ်ပြည်ခြောက်ထပ်၌နေသော နတ်တို့ကို အာကာသစိုးနတ် ဟုမည်၏။ ထိုအာကာသစိုးနတ်တို့တွင် စာတုမဟာရာဇ်ပြည် နှင့် တာဝတိ ံသာပြည်ဟူ၍ နှစ်မျိုးထပ်ကွဲသည်။ မြင်းမိုရ်တောင်၏ ပဉ္စမအာလိန်အပြင်၌နေသည်ကို စတုမာရာဇ်နတ်ဟုခေါ်သည်။ (မှတ်ချက်-အင်းစိန်အာလိန်ငါးဆင့်နှင့် ဘာမှမဆိုင်ပါ) ။ မြင်းမိုရ်တောင်ထိပ် ၌ နေသောတာဝတိ ံသာနတ်သည် ပဗ္ဗတဌက နတ်ဟုလည်းခေါ်၏။ ထိုနတ်တို့နှင့်တပြင်တည်း ကောင်းကင် ထက်ဝန်းကျင်မှ စကြဝဠာထိတည်ရှိ နတ်တို့ကို အာကာသဌနတ် ဟုခေါ်သည် ။ ထိုကြောင့် မြေ၌ရှိသောနတ်တို့အားလုံးသည် […]