ကျွန်တော် မန်းလေး နဲ.ရန်ကုန်ကို အမြဲတမ်းသွားနေကြပါ.. ဒါပေမယ့် မရိုးနိုင်တဲ့ခံစားမှုလေးတွေကို ရေးပြပါမယ်.. အဝေးပြေးကားပေါ်က ဆင်း ဆိုင်ကယ်ပေါ်တက် ပြီး စက်နိုးလိုက်တဲ့အချိန်မှာ ပဲ အရမ်းလွတ်လပ်တဲ့ ခံစားမှုကို စတင်ခံစားလိုက်ရတော့တာပဲ… ဘာလို.လဲ ဆိုတော့ကိုယ်သွားချင်တဲ့ စီ ကို ကိုယ့်စိတ်တိုင်းကျ သွားနိုင်တဲ့ ခံစားမှုလေးလေ… ဆိုင်ကယ်လီဗာဆွဲရတာကို က အရသာတစ်မျိုးပါပဲ…. ရန်ကုန်မှာ ဘတ်စ်ကား၊ တက်ခ်စီ မောင်းပို.မှရောက် တဲ့နေရာတွေကို ကိုယ်တိုင် အချိန်မကုန်ပဲ ခဏလေးရောက်တာလေ….. နေ.ခင်းဘက် ရုံးတက် ထမင်းစားချိန်ရောက်ပြန်ရင်လဲ ဘယ်မှာသွားစားမလဲ ဆိုတဲ့အတွေးနဲ. ဆိုင်ကယ်လေး ပေါ်တက် သွားစားချင်တဲ့ ဘယ်နေရာမဆို သွားလိုက်နိုင်တာပါပဲ… မန်းလေးက လမ်းတွေကလဲ တော်တော်များများကိုကောင်းနေကြပါပြီး ဆိုင်ကယ်တွေက လဲ အရောင်အသွေးစုံ အမျိုးစုံနဲ.ဗျာ… ကောင်မလေးများကလဲ ဆိုင်ကယ်အရောင်တွေနဲ. လိုက်ဖက်ညီစွာ လှပနေကြတယ်လေ… […]