black chawAugust 18, 20161min27187
မြန်မာပြည် သိန်းတန်ကြီးနဲ့ တီဗီ ချယ်နယ်တစ်ခု အင်တာဗျူးတာကို ဒီနေ့ ထိုင်ကြည့်နေမိတယ်…။ သူက Elvis Presley ရဲ့ ရုပ်ရှင်ကားတစ်ကားကို ကြည့်ပြီး (ကြည့်တာကလည်း တာမွေ…မရိုးဆန်းရုံတဲ့ ခင်ဗျ) ဂစ်တာတီးခြင်းအလုပ်ကို ရူးသွပ်ခဲ့တာတဲ့ ခင်ဗျ…။ အဲဒီတုန်းက သူ့အသက်က ၁၃ နှစ် တဲ့…။ သူ့ အဖေက သူ့ဂစ်တာသံကို နားထောင်ပြီး “ဟေ့ကောင်…မင်းဂစ်တာတီးတာက နွားမသေးပန်းသလို တဗြန်းဗြန်းနဲ့ နားညီးတယ်ကွာ…။ မင်းဂစ်တာတီးမယ်ဆို ငါ့အိမ်က ဆင်းသွား” လို့ စိန်ခေါ်ပါသတဲ့…။ အဲဒီမှာပဲ ကိုကို က ဂစ်တာကို ပုခုံးထက်ထမ်းပြီး အိမ်က ဆင်းခဲ့ပါသတဲ့…။ ကိုသိန်းတန်ကြီးက လူငယ်တွေ အတုခိုးမှားမှာစိုးလို့ သတိပေးပါတယ်…။ မိဘစကား နားမထောင်ပဲ အိမ်ကဆင်းလာတာ မဖြစ်သင့်ဘူး လို့ ဆိုပါတယ်…။ စသည် […]


black chawAugust 18, 20161min29035
မြန်မာပြည် သိန်းတန်ကြီးနဲ့ တီဗီချယ်နယ်တစ်ခုရဲ  ့အင်တာဗျူးလုပ်နေတာကို ဒီနေ့ ထိုင်ကြည့်နေမိတယ်…။ သူက Elvis Presley ရဲ့ ရုပ်ရှင်ကားတစ်ကားကို ကြည့်ပြီး (ကြည့်တာကလည်း တာမွေ…မရိုးဆန်းရုံတဲ့ ခင်ဗျ) ဂစ်တာတီးခြင်းအလုပ်ကို ရူးသွပ်ခဲ့တာတဲ့ ခင်ဗျ…။ အဲဒီတုန်းက သူ့အသက်က ၁၃ နှစ် တဲ့…။ သူ့ အဖေက သူ့ဂစ်တာသံကို နားထောင်ပြီး “ဟေ့ကောင်… မင်းဂစ်တာတီးတာက နွားမသေးပန်းသလို တဗြန်းဗြန်းနဲ့ နားညီးတယ်ကွာ…။ မင်းဂစ်တာတီးမယ်ဆို ငါ့အိမ်က ဆင်းသွား” လို့ စိန်ခေါ်ပါသတဲ့…။ အဲဒီမှာပဲ ကိုကို က ဂစ်တာကို ပုခုံးထက်ထမ်းပြီး အိမ်က ဆင်းခဲ့ပါသတဲ့…။ ကိုသိန်းတန်ကြီးက လူငယ်တွေ အတုခိုးမှားမှာစိုးလို့ သတိပေးပါတယ်…။ မိဘစကား နားမထောင်ပဲ အိမ်ကဆင်းလာတာ မဖြစ်သင့်ဘူး လို့ ဆိုပါတယ်…။ စသည် […]


black chawMay 12, 20161min24777
(ဘလက်ချော – မေး) ပြီးခဲ့တဲ့ ၂ လလောက်က ခိုင်ထူးချစ်သူတွေကြားမှာ အငြင်းပွားမှု တွေရှိခဲ့ပါတယ်။ စစ်ကိုင်းလမ်း နဲ့ ပတ်သက်လို့ပေါ့။ ကိုနေဝင်း ကြီးက စစ်ကိုင်းလမ်း ၂ ဆိုပြီးတော့ ကိုရန်ပိုင်ကို ရေးပေးလိုက်ပါတယ်။ အဲဒီသီချင်းထဲမှာ စစ်ကိုင်း မန္တလေး နောက်ဆုံး ကားတော့ မှီကောင်းမယ် ထင်ရဲ့ ဆိုတဲ့ စာသားပါခဲ့ပါတယ်။ အဲဒီမှာမှ စစ်ကိုင်းလမ်းဆိုတာ ရန်ကုန်တက္ကသိုလ်ထဲက စစ်ကိုင်းလမ်းမဟုတ်ဘူး။ မန္တလေး ဘက်က စစ်ကိုင်းလမ်း…၊ တချို့ကလည်း ကြည့်မြင်တိုင်ဘက် က စစ်ကိုင်းလမ်း ဘာညာပေါ့ဗျာ။ ငြင်းကြပြုု ကြတာတွေ ရှိခဲ့ပါတယ်။ (ခိုင်ထူး – ဖြေ) ကျွန်တော် သိသလောက်ကတော့ တချို့က ရထားသံ မကြားရဘူးတဲ့။ ကြားရတယ်လို့။ ညဘက်မှာ လူခြေတိတ်တဲ့အချိန် ၁၁ […]


black chawMay 11, 20161min1722
(ဘလက်ချော မေး) အစ်ကို့ သီချင်းတစ်ပုဒ် ဖြစ်တဲ့ စစ်နဲ့ ငြိမ်းချမ်းရေးက မဆလ ခေတ်ကတည်း က အပိတ်ခံခဲ့ရတယ်ပေါ့။ အခုမှ ပြန်ဆိုခွင့်ရ…၊ပရိသတ်ကလည်း ပြန်နားထောင်ခွင့်ရလာတဲ့အခါ ဒီသီချင်း ကို စီးရီးစ်ထဲမှာ ပြန်ထည့်ဖို့ ရှိမလား သိချင်ပါတယ်။ (ခိုင်ထူး ဖြေ) အဲ့ဒီကောင် ကော်ပီ သီချင်းကြီးဗျ။ ကော်ပီကို ကျွန်တော်တို့က ပြင်လိုက်တဲ့ သဘောပေါ့။ (ဘလက်ချော မေး) ကော်ပီ အစစ်တော့မဟုတ်ဘူးပေါ့…။ (ခိုင်ထူး ဖြေ) အစစ်ပါပဲ…။ နည်းနည်းပြင်လိုက်တယ်ဆိုတာ စကားပြောတွေ ဘာတွေ သူတို့ဆီမှာ မပါဘူးပေါ့။ စကားပြောတွေကလည်း ဇာတ်လမ်းတွေက နည်းနည်းတော့ ရှတ်တယ်ဗျ။ ဒါ အခုမှ ပွင့်ပွင့်လင်းလင်း ပြောတော့မယ်…။ အဲဒီသီချင်းက ဘာလို့ တောက်လျှောက်မကျလဲ ဆိုတော့ စကားပြောတွေက ကွန်မြူနစ်တွေ ရေးတဲ့ […]


black chawMay 10, 20161min2196
    (ဘလက်ချော မေး) တူးတူး သီဆိုခဲ့တဲ့ အဆင်သင့်ပဲဟေ့ စီးရီးစ် ကိစ္စ နဲ့ စလိုက်ချင်ပါတယ်။ အဆင်သင့်ပဲဟေ့ ကို ကိုခိုင်ထူး ဆိုဖို့ သေသေချာချာ ပြင်ဆင်ထားပြီးမှ ဘာဖြစ်လို့ တူးတူး ကို ပေးဆိုလိုက်ရတာပါလဲ…။ အဲဒါ ကို ကျွန်တော် စိတ်ဝင်စားပါတယ်…။ (ခိုင်ထူး ဖြေ) အရင်က Aces နဲ့ သီချင်း မလုပ်ဖူးသေးဘူးဗျ။ တစ်ယောက်နဲ့ တစ်ယောက် သိတ်စိမ်းနေတယ်။ တစ်ယောက်နဲ့ တစ်ယောက် သဘောမပေါက်နိုင်ဘူး ဖြစ်နေတယ်။ အဲဒီ အခွေကို ရင်းလိုက်တဲ့ သဘောပေါ့။ ဒါပေမယ့် ဒါတွေက အကျိုးတော့ မယုတ်ပါဘူး။ ကျွန်တော် မထုတ်ဘူးဆိုတာက               […]


black chawFebruary 9, 20166min47822
ကျွန်တော် မကြာခဏ ဖတ်ဖြစ်တဲ့ စာအုပ်တစ်အုပ်က ဦးကုလား မဟာရာဇဝင်ကြီး ပါ။ သမိုင်းဇာတ်လမ်းတွေ ကို ဖတ်ရင်း စိတ်ကူးထဲကလည်း ရုပ်ရှင်ရိုက်နေမိပါတယ်။ အင်း…ဒီနေရာလေးကတော့ ရုပ်ရှင်ရိုက်လို့ သိတ်ကောင်းမှာပဲ ဆိုတာမျိုးပေါ့ဗျာ။ အင်းဝ ဘုရင် သတိုးမင်းဖျား ခေတ်က ရုပ်ရှင်ရိုက်လို့ ကောင်းမယ့် ဇာတ်မျိုးဗျ။ မင်းစဖြစ်ဖြစ်ချင်း ထောင်ထားခြားနားတဲ့ သူတွေကို လှည့်ပတ် နှိမ်နင်း ရတယ်လို့ ဆိုပါတယ်။ ခြားနားသူ တစ်ယောက် ဖြစ်တဲ့ ဘယကျော်သူ ကို ဖမ်းမိတော့ ဘယကျော်သူကို သူကိုယ်တိုင် သတ်ပြီး အလောင်းကြီး ရဲ့ ရင်ဘတ်ပေါ်မှာ စားတော်ပွဲတည်၍ စားတော်ခေါ်ပါသတဲ့။ အဲဒါကို မြင်တော့ မှူးမတ်ဗိုလ်ပါတွေ အလွန်ကြောက်ရွံ့ကုန်ကြသတဲ့။ ဒါက ဇာတ်ရဲ့ နိဒါဏ်းပေါ့။ ရုပ်ရှင်ရိုက်လို့ ကောင်းလိုက်မယ့်ဖြစ်ခြင်း။ ဆင်တွေ မြင်းတွေ […]


black chawAugust 7, 20151min20216
ဆရာ တင်နိုင်တိုး နဲ့ ကျွန်တော် နဲ့ လုံးဝ မရင်းနှီးပါဘူး။ ဒါပေမယ့် ရန်ကုန်တက္ကသိုလ် ဗဟို စာကြည့်တိုက် ကို သုံးကြသူချင်း မျက်မှန်းတန်းမိနေကြပါတယ်။ ဆရာက အင်္ဂါ နေ့တိုင်း စာကြည့်တိုက်ကို လာတတ်ပါတယ်။ စာကြည့်တိုက်မှာက သတင်းဂျာနယ်တွေက သတင်းထောက် ကောင်လေးတွေ ကောင်မလေးတွေ သတင်းစာအဟောင်းတွေထဲက သူတို့လိုချင်တာတွေကို လာ ရှာတတ်ကြတာကို ကျွန်တော် သိထားပါတယ်။ ဆရာ ့ကိုလည်း ဂျာနယ်တစ်ခုခုက အယ်ဒီတာ တစ်ယောက်ယောက်လို့ပဲ ကျွန်တော်က ထင်ထားမိခဲ့ပါတယ်။ တစ်ရက်တော့ ကျွန်တော်က ရောက်အသွား ဆရာက ရောက်နှင့်နေသူမို့ မျက်လုံးလှန်ကြည့်ပြီး ပြုံးပြပါတယ်။ ကျွန်တော်ကလည်း ပြန်ပြုံးပြပြီး “ဆရာ ဘယ်ဂျာနယ်ကလဲ ခင်ဗျ “ လို့ စပ်စုလိုက်မိပါတယ်။ ဆရာက “ကျွန်တော် တင်နိုင်တိုး ပါ” […]


black chawAugust 6, 20152min23114
Facebook ပေါ်မှာ ဖီလင်လာရင် လာသလို ရေးထားတဲ့ သင်ယူခြင်း   လို့ အမည်ပေးထားတဲ့ စတေးတပ်စ် လေးတွေကို ပြန်လည် စုစည်းတင်ပြလိုက်ရပါတယ်ဗျာ။ ကျွန်တော်တို့ သင်ယူနေရဆဲပါ…။ —————————————————- အသက်တွေ ဘယ်လောက်ပဲ ကြီးကြီး၊ အတန်းပညာတွေဘယ်လောက်ပဲ တတ်တတ်၊ အတွေ့အကြုံတွေ ဘယ်လောက်ပဲ ရှိရှိ၊ ရင်ဆိုင်ကြုံတွေ့လာရတဲ့ ပြသနာ တစ်ခုခုပေါ်ကနေ ဘယ်လို တုန့်ပြန်သင့်သလဲ ဆိုတာမျိုးက အစ သင်ယူနေကြရဆဲပါပဲ။ ဆိုကြပါစို့။ ပြီးခဲ့တဲ့ တစ်ပတ်လောက်က ဦးအောင်သောင်း ဦးနှောက်သွေးကြောပေါက်ပြီး စင်္ကာပူ ကို ဆေးသွားကုရတယ် ဆိုတဲ့ သတင်း FB ပေါ် ရောက်လာတာ မှတ်မိကြဦးမှာပေါ့။ ကျွန်တော်တို့ ချက်ခြင်းကြီး ဟန်မဆောင်နိုင်ကြတော့ပဲ FB တစ်ခုလုံး မြန်မာဘောလုံးအသင်း ထိုင်းအသင်းကို အနိုင်ရလိုက်သလို ပျော်ကြ ရွှင်ကြ အောင်ပွဲတွေ ခံကြ […]


black chawJuly 14, 20151min22938
အခု တလော ရွာထဲ လူအဝင်နည်းပါတယ်…။ မင်းကရော ရွာထဲရောက်လို့လားလို့ မေးရင်တော့ ဖြေစရာအဖြေ ရှိပါတယ်…။ ဟုတ်ကဲ့…။ ရောက်ပါတယ်…။ ပို့စ်မတင် ကွန်းမန့်မရေးဖြစ်ပေမယ့် မန်းဂဇက် ဆိုတာ ငယ်ချစ်ဦး ရည်းဇားဦးကြီးဆိုတော့ ခိုးကြည့်ရင်ခုန် ရတာနဲ့တင် ကျေနပ်နေတဲ့ သဘောပါ…။ ရွာထဲလူအဝင် နည်းတာ အခုမှ မဟုတ်ပါ…။ ဟိုတုန်းကလည်း နည်းခဲ့ဘူးတာပါပဲ…။ ကျွန်တော်တို့ မောင်ဂီတို့ ဖလန်းဖလန်း ဖြစ်တဲ့ အချိန်မျိုးမှာတောင်  လူအဝင်နည်းလို့ ရွာကို ပြန်လာကြပါဗျို့ လို့ ကဗျာတစ်ပုဒ် ပေါ်ထွက်လာခဲ့ဘူးပါတယ်…။ ကိုပေါက်ရေးတာ ထင်ပါရဲ့…။ အဲ့ဒါ ဟိုတုန်းက…။ နောက်…ကိုမိုက်…ဖလန်း…ဖလန်း ဖြစ်တဲ့အချိန်မှာလည်း လူအဝင်နည်းနေလို့ ရွာသူားတွေ နာမည်တတ်ပြီး ကိုမိုက် လူခေါ်တဲ့ ကဗျာ ထွက်လာခဲ့တာပါပဲ…။ အမှတ်မမှားဘူးဆိုရင် ကိုမိုက်ရဲ့ အဲဒီကဗျာကို သူကြီးက […]


black chawApril 28, 20155min69176
ထုံးစံအတိုင်း ဒီတစ်လလည်း တတ်နိုင်သလောက် ပြောလို့ဆိုလို့ ကောင်းမယ့် သတင်းလေးတွေ စုစည်းတင်ပြလိုက်ရပါတယ် ခင်ဗျာ…။   ရုပ်ရှင် သရုပ်ဆောင် အောင်ရဲလင်း ရဲ့ လက်ရှိဆံပင်ပုံစံက ကတုံးကေ ဖြစ်ပြီး လာမယ့် မေလပိုင်းလောက်မှာ နောက်ထပ် ပုံစံ တစ်မျိုး ထပ်ပြောင်း သွားဖို့ ရှိတယ်လို့ သိရပါတယ်…။ တချို့ က ပုံစံ အမျိုးမျိုး ပြောင်း မှ ကြိုက်တယ် ဆိုလား…။ ဆံပင် ပုံစံ ကို ပြောတာနော်…၊ ဟိုလျှောက်တွေး ဒီလျှောက်တွေး တွေ တွေးကြပါနဲ့…ဟေး..ဟေး..။   ဆရာမ ဝင်းဝင်းလတ် ရဲ့ အချစ်ရဲ့ နောက်ဆက်တွဲစာမျက်နှာ ဝတ္ထုကို စကိုင်းနက် ရုပ်သံအတွက် ဒါရိုက်တာဝိုင်းက  ဇာတ်လမ်းတွဲအဖြစ် ဖန်တီး သွားမယ်လို့ သိရပါတယ်…။ […]


black chawMarch 20, 20152min35842
သတင်းတစ်ပုဒ် ပန်းတစ်ဆုပ် ပို့စ် ထဲ မှာ နာမည်တွေထည့်ပြီး စ…နောက် ထားတဲ့ ရွာသူရွာသားတွေ အနေနဲ့ ရွှေစိတ်တော်ညို အလိုမကျဘူးဆိုရင်ဖြင့် ပြန်ဖျက်ပေးပါ့မယ်လို့ ကြိုတင်အစီရင်ခံအပ်ပါတယ်ခင်ဗျား…။ ကျွန်တော်တို့ ရွာကြီး ပေါ့ပေါ့ပါးပါး ပျော်ပျော်ရွှင်ရွှင် ဖြစ်စေဖို့ ကြိုးစားကြည့်နေတဲ့ သဘောမို့ မျက်စိနောက်သူများ ရှိနေရင်လည်း မျက်စိမှိတ်ထားပေးကြတာ အကောင်းဆုံးပါခင်ဗျာ…။ သတင်းလေး တစ်ပုဒ် ရေးပြီး ပန်းတစ်ဆုပ်နဲ့ တူတဲ့ အပျော်လေးတွေ ဖန်တီးချင်လို့ သတင်းတစ်ပုဒ် ပန်းတစ်ဆုပ် လို့ နာမည်ပေးထားတာပါ…။ ကဲ…စလိုက်ရအောင်ဗျာ…။     ဂျပန် မင်းသားကြီး ဆန်နီချီးဘား က မြန်မာ့လွတ်လပ်ရေးသမိုင်းကို ရုပ်ရှင်အဖြစ်ရိုက်ကူးစေချင်တယ်လို့ ထုတ်ဖေါ်ပြောကြားလိုက်ပါတယ်ဗျာ…။ တကယ်လို့ ရိုက်ဖြစ်မယ်ဆိုရင် အခုအထိ လွတ်လပ်ရေးမရရှာသေးတဲ့ သီဟတင်စိုး လည်း ပါဝင် သရုပ်ဆောင်စေချင်ကြောင်း သီဟတင်စိုး […]


black chawMarch 19, 20151min35555
ကျွန်တော်တို့ ရွာသူား တွေ ကြားမှာ အမြင်မတူကြပြန်တဲ့ ကိစ္စ တစ်ခုက ပေါ်လာ ပြန်ပါတယ်။ သမ္မတကြီးရဲ့ ပညာတော်သင်ဆု ရွေးချယ်ပွဲမှာ ရေးဖြေအောင်သွားပြီ ဖြစ်တဲ့ ဇွန်သဉ္ဇာ ကိစ္စပါ။ မိတ်ဆွေများ သိပြီးဖြစ်ကြတဲ့အတိုင်း ဇွန်သဉ္ဇာ ဟာ အွန်လိုင်းပေါ်မှာ ဆက်စီမော်ဒယ်အဖြစ် နာမည်ကြီးပါတယ်။ Facebook မှာလည်း သူမရဲ့ ဝင်းလက်တောက်ပြောင်နေတဲ့ တင်တွေ ရင်တွေ အလှကို သူမကိုယ်တိုင် တင်ပေးနေလို့ ကျွန်တော်တို့ အားပေးခဲ့ကြဖူးပါပြီ။ အဲဒီလို အခြေအနေမျိုးမှာ ဇွန်သဉ္ဇာ တစ်ယောက် သမ္မတကြီး ရဲ့ ပညာတော်သင်ဆုရွေးချယ် ပွဲမှာ ရေးဖြေစာမေးပွဲအောင်သွားပြီဆိုတဲ့ သတင်းက ဗုံးတစ်လုံးလို ဝုန်း ကနဲ ပေါက်ကွဲပါတော့တယ်။ ထုံးစံအတိုင်းပေါ့ ကျွန်တော်တို့ ရွာထဲမှာလည်း အုပ်စု ၂ စု ပေါ်လာပြန်ပါတယ်။ တစ်စုက […]


black chawMarch 18, 20151min57065
  မိန်းမတွေက မာယာများသတဲ့…။ အဲဒီ များလှပါတယ်ဆိုတဲ့ မိန်းမတွေ လိုက်လို့မမီတဲ့ ယောက်ျားတွေရဲ့ မာယာ အကြောင်း ပြောပြမလို့ပါ…။ တချို့ကိစ္စတွေက ပြန်ပြောပြဖို့ တော်တော် ခက်ပါတယ်…။ အိမ်ထောင်ရှင်ယောက်ျားတွေ ညဘက်အပြင်ထွက်တဲ့အခါ သူတို့မိန်းမကို အကြောင်းတစ်ခုခု ပြကြရမှာပါပဲ…။ ဥပမာ ပေ့ါဗျာ…။ ညဘက် ဘလက်ကြီး အပြင်ထွက်မယ်ဆို မဒမ်ဘလက် ကို အကြောင်းတစ်ခုခု ပြရတာပါပဲ…။ ဆိုကြပါစို့…။ နိုဇိုးမိကြီး ဖုန်းဆက်သွားတယ်ကွာ…။ ဘီယာလေး ဘာလေး သောက်ရင်း တွေ့ကြရအောင် လို့ ပြောသွားတယ်…။ ဆိုတာမျိုး…။ ဟိုလဒလေး အင်ဇာဂီ ဖုန်းဆက်သွားပြန်တယ်ကွာ…။ အသည်းကွဲနေလို့တဲ့…။ သူရင်ဖွင့်ချင်လို့တဲ့…။ အဲဒါ သွားနားထောင်ပေးရဦးမယ်ကွာ…။ ဆိုတာမျိုးပေါ့…။ အဲသလို မာယာမျိုးဆို မဒမ်ဘလက်က ဘယ်တော့မှ တားလေ့မရှိ..။ အားဟိ…။ သွားပေးလိုက်ပါ…ကိုနိုဇိုးမိက ရှင့်ကို […]