ေမွာ္ဆရာAugust 20, 20111min28233
အင်း …. မပြောမဖြစ်လို့ ပြောလိုက်ပါဦးမယ် ဆရာလုပ်တယ် ထင်ရင်လဲ ခွင့်လွှတ်. တက်တူးဆရာတွေကလဲ ထမင်းအိုး တုတ်နဲ့ထိုးတယ်ထင်ရင် ခွင့်လွှတ် မပြောမဖြစ်လို့ ပြောလိုက်ရတာပါ.. အခုတစ်လော တက်တူးဆိုတာတွေ တော်တော်ခေတ်ပြန်စားလာတာ တွေ့ရတယ် အရင်တုန်းကတော့ တက်တူးမခေါ်ဘူး..ဆေးမင်ကြောင်ခေါ်တယ် ။ ဆေးမင်ကြောင်ထိုးထားရင် လမ်းသရဲလို့သတ်မှတ်ကြတယ်။လမ်းသရဲလို့ အထင်ခံရမှာ တစ်ကြောင်း ပြန်လဲဖျက်မရတော့ သေရာပါ အမှတ်ဆိုပြီး လူအထင်သေးမှာတကြောင်းကြောင့် ဟိုခေတ်တုန်းက အမျိုးကောင်းသားသမီးများ ရှောင်ကျဉ်ကြပါတယ်။(ဆေးမှင်ကြောင်ဆရာ မူးနေတုန်း သွားထိုးခိုင်းမိလို့ ရုပ်ပျက်ဆင်းပျက် အရုပ်တွေဖြစ်လာတာ၊စာလုံးပေါင်းမှား ရေးမိလို့ သူများမြင် ရီစရာဖြစ်နေတာဖြစ်နေတဲ့ တက်တူးသမားတွေကို တွေ့ဖူးတာလဲ ပါတာပေါ့နော်..၊) အခုခေတ်ကတော့ မင်းသမီး မင်းသားတွေက အစ ထိုးပြ၊ အင်တာနက်ပေါ် ဂုဏ်ယူဝင့်ကြွားစွာ တင်ပြ နေတော့လဲ ခေတ်လူငယ် တွေလိုက်လံ အတုခိုးလာတာ ခေတ်ရေစီးကြောင်းလို့ ပြောရမလားပဲ….။ […]