fattyOctober 12, 20101min30620
ဒီနေ့ CITY MART ရောက်ဖြစ်တော့ ရွှေကူမေနှင်းရဲ့ ငါတို့တုန်းကတက္ကသိုလ် စာအုပ်တွေ့လို့ လှန်လှောကြည့်ဖြစ်ရသည်။ အိပ်ကပ်ထဲစမ်းကြည့်တော့ ဗလာမို့ဝယ်တော့မဝယ်ဖြစ်ခဲ့ … ရွှေကူမေနှင်း နာနတ်တောဘက်နေတုန်းကတော့တခါဆုံဖြစ်ကြသေးသည်။ သူ့ခေါင်းစဉ်ဖတ်ပြီး feel ကဝင်သွားပြန်ပြီ ……. တခါတုန်းက တက္ကသိုလ်ကို အမှတ်ရပါဘိခြင်း ……။ ၁၉၇၈ ၁၉၇၉ တုန်းက ပင်းယဆောင်မှာနေရသည်။ ထမင်းစား သံချောင်းခေါက်တော့ ဦးအောင်ပြေးရသည် …။ နို့မို့ ဘယ်ကောင်းကောင်းကျန်လိမ့်မတုန်း .. ဒါတောင် အကောင်းဆုံးထမင်းဝိုင်းရွေးထိုင်တာတောင်မှ … ဝက်သားဆို လက်တဆစ်လောက်အတုန်းလေးတွေ သုံးတုန်းလောက်ပါတာကိုး …။ အိမ်ကပံ့ပိုးနိုင်သူတွေကတော့ ငပိကြော်ဗူးတွေဘာတွေနဲ့ပေါ့ …။ ထမင်းစောစောစားပြီး ..ထုံးစံအတိုင်း အဓိပတိလမ်းမကြီးပေါ် လမ်းသလားကြသည်။ တွေ့သမျှကောင်မလေးတွေ လိုက်ရှိတ်သည်။ …. တဖြည်းဖြည်းနဲ့မှောင်စပျိုးပြီ …။ recreation centre ဟုခေါ်သော ကျောင်းသားများ […]