ဆူးDecember 8, 20101min2386
ဒီလိုနဲ့ အလုပ် လုပ်တာ ၂လကျော် ၃လ ပြည့်ခါနီးမှာ အထက်အရာရှိ ဆရာမ က တိုးတိုးတိတ်တိတ် ခေါ်ပြောတယ် အစမ်းခန့် ဝန်ထမ်းခေါ်တာ ၃လပြည့်တော့မယ် နောက်နေ့က စပြီး မလာနဲ့တော့ အမြဲတမ်း ဝန်ထမ်းခန့်တဲ့ အထဲမှာ မပါတော့ဘူး။ စိတ်မကောင်း ဖြစ်လိုက်တာ အရမ်းဘဲ။ ထိုနေ့က အိမ်ပြန်ရောက်တဲ့ အချိန်က စပြီး ငိုနေမိတယ်။ အိမ်က လူကြီးတွေက ဝိုင်းမေးကြတယ် ဘာလို့ ငိုနေတာလဲ.. အလုပ်က အထုတ်ခံရလို့ ငိုတာ.. ဘာအပြစ်လုပ်လို့ ထုတ်တာလဲ ဆိုတော့ ဘာပြောရမှန်းတောင် မသိဘူး။ အမှန်တော့ အမြင်ကတ်မှုနဲ့ ရှိတဲ့ ပါဝါ သုံးပြီး အလုပ်ထုတ်လိုက်တာပါ။ သူငယ်ချင်းတွေကတော့ စိတ်အားမငယ်နဲ့.. ငါတို့လည်း မကြာတော့ဘူး ထွက်တော့မယ်။ ဒီမှာ လုပ်ရတာ […]


ဆူးDecember 8, 20101min954
အလုပ်ခွင်မှာ ကိုယ့်ကို သင်ပေးတဲ့ ဆရာတွေက တချိန်သင်ခါနီး တခါ စာအုပ်ပြန်လှန်ပြီး မေ့မေ့သွားလို့ ပြန်လေ့လာနေချိန်မှာ.. သင်တန်းသားတွေနဲ့ မလှမ်းမကမ်းမှာ ရပ်နေတဲ့ ဆရာမ ပေါက်စကလေးကတော့ ဘာစာမှလည်း ပြန်မကြည့် အားရင် ရွယ်တူ သူငယ်ချင်းတွေနဲ့ စကားပြော လေပေါနေရင်း အချိန်ကုန်.. သင်တန်းသားတွေ မသိလို့ မေးရင် အချက်ကျကျ ဖြေပေးတာနဲ့ နောက် သင်တန်းက ကျောင်းသားတွေ ဆရာစာသင်တာ နားမထောင်တော့ဘဲ ဆရာမ ပေါက်စ ကို ဒါဘယ်လိုလဲ ဘာလဲ နဲ့ ဝိုင်းမေးကြတယ်။ အသွေးအသားနဲ့ တည်ဆောက်ထားတဲ့ လူသား ဖြစ်လေတော့ မနာလိုမှု ဝန်တိုမှု ရှိကြတယ် ဆိုတာ ထိုအချိန်က အသက်အရွယ်နဲ့ နေလာခဲ့တဲ့ ပတ်ဝန်းကျင်မှာ အံဩစရာ မထင်ထားတဲ့ အရာပေါ့။ ဆရာတွေ […]


ဆူးDecember 8, 20101min551
နောက်ပိုင်း သင်တန်းမှာ ကြေညာစာ တခုကပ်ထားတယ်။ အလုပ်ခေါ်တာ ဝန်ထမ်းအလိုရှိသည်။ အလုပ် လျောက်ထားလိုက်ပါတယ်။ လူပေါင်း ၃၀ဝ ကျော် လျောက်တဲ့ အထဲမှာ ဇကာတင် အယောက် ၄ဝ အင်ဒါဗျူးတဲ့ အထဲမှာ လူ ၂ဝ ခန့်လိုက်ပါတယ်။ အမှန်တော့ ထို အလုပ်နဲ့ လူ ၂ဝ ခန့်စရာ မလိုပါဘူး သင်ကြားဖို့ ဆရာ ၅ယောက် လောက် ရှိရင်ကို ဖြစ်ပါတယ်။ ဆရာ ၅ယောက် က နဂို ကတည်းက ရှိပြီးသားပါ။ အလုပ်ခေါ်တယ် ဆိုတော ဟန်ပြပေါ့.. သတင်းစာထဲမှာ ကြေညာထားတဲ့ ကတိအတိုင်းခေါ်တာပါ။ အစမ်းခန့် ၃လ ဆိုတော့ လစာကလည်း ၁သောင်းခွဲ ပေးမယ်လို့ ပြောထားပါတယ်။ အလုပ်လုပ်တဲ့ သက်တမ်းတလျောက်မှာတော့ […]


ဆူးDecember 8, 20101min610
ထိုကြေညာကလေးက တော်တော် ဆွဲဆောင်မှု ရှိတာ အမှန်ဘဲ။ ကြေညာကတော့ အနုပညာ ကွန်ပြူတာ ဒီပလိုမာ သင်တန်း ဖြစ်ပါတယ်။ ၁ဝတန်းအောင်ပြီး ၁နှစ်တိတိ အိုင်တီမှာ အချိန်ကုန်ပေမဲ့ အကျိုးမဖြစ်ထွန်း မပေါက်ရောက်ခဲ့ပေမဲ့.. ဒီသင်တန်းလေး တက်မိရင်တော့ ဝါသနာနဲ့ တထပ်တည်းကျလို့ အောင်မြင်ဖြစ်ထွန်းနိုင်တယ် ထင်မိတယ်။ ပြီးတော့ ဒီပလိုမာ ဆိုတော့.. အဆင့်ကတော့ မနဲဘူး ပြောလို့ရတယ်လေ။ ဘာပဲ ပြောပြော ယောကျားယူရင်နဲ့ သေရင်တော့ ဘွဲ့တွေ ရှိတာ လူမြင်တာပေါ့။ ဒီလိုနဲ့ မိဘများကို ခွင့်တောင်းတယ် အိုင်တီက နောက်ထပ် Level 3 ရှိတာ ထက်မတက်ချင်တော့ဘူး သတင်းစာထဲမှာ ပါတဲ့ ဒီပလိုမာ သင်တန်းကို တက်ပြီး ဝါသနာ ပါတဲ့ ပန်းချီ ဆွဲတာနဲ့ နီးစပ်တယ် […]


ဆူးDecember 8, 20101min590
၂၀၀၂ နိုဝင်ဘာ ဒီဇင်ဘာ ဆောင်းတွင်းမှာ.. အအေးလှိုင်းဖြတ်တယ်လို့တော့ သတင်းထဲမှာ ကြားမိတာဘဲ။ အရင်နှစ်တွေကလည်း ဒီလို မနက် စောစော အိမ်အပြင်ထွက် ပြီး အလုပ်မသွားခဲ့ရဘူးလေ။ အခုမှ အလုပ်က ရတော့ ပထမဆုံး အလုပ်ရဲ့ အတွေ့အကြုံ အသစ်ကလေးကို စတင်ပြီး ရတာပါ။ အစမ်းခန့် ဝန်ထမ်း အသစ်ကလေးပါ.. တက်တက် ကြွကြွ အလုပ်ကို မနက် ၆း၄၅ အရောက်သွား အလုပ်ကတော့ ကွန်ပြူတာ သင်တန်းတခုမှာ လက်ထောက် ဆရာမ အလုပ်ကလေးပေါ့။ အလုပ်သင် အစမ်းခန့် ဝန်ထမ်း ကိုယ့်လို လူမျိုး အယောက် ၂ဝ ရှိပါတယ်။ လူ ၂ဝ လုံး အပြိုင်အဆိုင်ပေါ့.. ၃လ စေ့ရင် ၃ယောက်တောင် မခန့်ဘဲ အလုပ်တာဝန် […]