လင်းဝေJune 10, 20111min57
အများသိကြတဲ့အတိုင်း ဒေါက်တာဦးမြင့် ဆိုတာ စီပွားရေးပညာရှင်တစ်ဦးဖြစ်ပြီး သမ္မတရဲ့ စီးပွားရေးအကြံပေး ခေါင်းဆောင်လည်းလုပ်နေပါတယ်။ အမှန်ကို ရှင်းရှင်းပြောတတ်တဲ့ သူတစ်ဦးဖြစ်တယ်လို့လည်း သတင်းထွက်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း အဆက်အသွယ်ရှိဘူးတယ်လို့လည်း သိရပါတယ်။ အခုအကြောင်းအရာကတော့ ပြီးခဲ့တဲ့ လတုန်းက ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေး ဆွေးနွေးပွဲမှာ ဒေါက်တာဦးမြင့်တင်ပြခဲ့တဲ့ စာတမ်းကို ဂျာမန်သံတမန် မစ္စတာ ရူးဒေါ့ဖ်က ဝေဖန်ချက်ကို ဦးမြင့်က ပြန်လည် တုံ့ပြန်ချေပထားတာပဲဖြစ်ပါတယ်။ ရူးဒေါ့ဖ်ရဲ့ မူရင်းစာက အင်္ဂလိပ်လို (သေချာတာပေါ့) ဖြစ်ပြီး ပါတဲ့အချက်တွေက ဦးမြင့်အခုအောက်မှာ ပြန်ရှင်းထားတဲ့ အချက်တွေပါပဲ။ ဆရာဦးမြင့် ရဲ့ ဖြေရှင်းချက်ကလည်း အင်္ဂလိပ်လို မူရင်းပဲ ဖြစ်ပါတယ်။ မူရင်းတွေကို မဇ္ဖိမသတင်း အင်္ဂလိပ်လိုဆိုက် မှာ သွားဖတ်နိုင်ပါတယ်။ အောက်မှာ ဖော်ပြတာက ကောက်နှုတ်ချက်နဲ့ ကျနော့် ကိုယ်ပိုင်အမြင်တစ်ချို့ (—) ဖြစ်ပါတယ်။ […]