manawphyulayDecember 21, 20101min531
နမောတဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ ၁။ လေးဆူဓါတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီးသည် မြတ်စွာဘုရားသက်တော်ထင်ရှားရှိစဉ်ကပင် တည်ထားကိုးကွယ်ခဲ့သော စေတီတော်မြတ်ကြီးဖြစ်ပါသည်။ `လေးဆူဓါတ်ပျော်´ ဟု ခေါ်ဆိုရခြင်းမှာ (၁) ကကုသန်မြတ်စွာဘုရား၏ ဒုကုဋ်သင်္ကန်းတော်၊ (၂) ကောဏဂုံမြတ်စွာဘုရား၏ အံ့သကိုဋ်တော်၊ (၃) ကဿပမြတ်စွာဘုရား၏ ခါးပန်းတော်နှင့် (၄) ဂေါတမမြတ်စွာဘုရား၏ ဆံတော်မြတ်လေးဆူ၊ မွေရှင်တော်မြတ်ရှစ်ဆူ၊ နိသီဒိုင်တော်တို့ကို ဌာပနာ၍ တည်ထားသောကြောင့် ခေါ်ဆိုရခြင်းဖြစ်ပါသည်။ လေးဆူဓါတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီး တည်ထားသောတောင်တော်ကို `သုဒဿန´ တောင်တော်ဟု ခေါ်ပါသည်။ မြတ်စွာဘုရားနုစဉ်အခါ ဟင်္သာမင်း၊ ကြက်မင်း၊ ဖွတ်မင်း၊ ယုန်မင်း၊ ဖြစ်စဉ်က နေထိုင်ခဲ့သော တောင်တော်ဖြစ်ပါသည်။ ၂။ လေးဆူဓါတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီး၏ ဒါယကာများမှာ အဇ္ဇိကနှင့် ဘလ္လိကကုန်သည်ညီနောင်၊ ဧရာပထနဂါးမင်း၊ သိကြားမင်း၊ ဗြဟ္မာမင်းတို့ဖြစ်ကြသည်။ မဟာသက္ကရာဇ် ၁၀၃-ခုနှစ်၊ တပေါင်းလဆန်း ၁၃ရက်နေ့တွင် စတင်တည်ထားရာ၊ […]