ခင္ခMay 23, 20141min25917
” သူမပြောတဲ့ဈေးကို ကိုယ်ကြိုက်သမို့” အမေက ကျုပ်ကိုရန်ကုန်မြို့မှာမွေးဖွားလိုက်လေတော့ ရန်ကုန်သားဖြစ်ကာ ရန်ကုန်ဆိုသော မြို့ကြီးပြကြီးမှာ ကျင်လည်ခဲ့ရတာပေါ့ဗျာ။ ဒီလိုနဲ့ အတန်းပညာတွေ တစ်တန်းပြီးတစ်တန်းတက်လို့ ရန်ကုန်တက္ကသိုလ်ဆိုတဲ့ ကျောင်းတော်ကြီးမှာလည်းပညာသင်ခဲ့ရတယ်လေ။ ကျုပ်တို့အဲလိုဘာလို့ပညာသင်ရလဲဆိုတော့ ကျုပ်တို့ ကလေးဘဝ လူရွယ်ဘဝ ဖြတ်သန်းရတာက မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီဦးဆောင်တဲ့ မဆလခေတ်မှာ ကျုပ်တို့နိုင်ငံမှာ အခုလို ပြင်ပပုပ္ပလိကအလုပ်တွေ ကုမ္မဏီအလုပ်တွေ မထွန်းကားသေးဘူးလေ ဆိုရှယ်လစ် စနစ်မို့ ပြည်သူပိုင် တွေဘဲရှိသမို့ အစိုးရဝန်ထမ်းအလုပ်သာလျှင် ပြည်တွင်းမှာ အလုပ်အကိုင်အခွင့်အလမ်း ရှိနေပြီး ကျုပ်တို့မိဘတွေကလည်း အစိုးရဝန်ထမ်းဘဲဆိုတော့ကာ ” ငါ့သားရယ် တက္ကသိုလ်ဘွဲ့တစ်ခုပြီးမှ အစိုးရဝန်ထမ်းဝင်လုပ်ရင် တင့်တယ်မှာမို့ ဒီပြင်ဆိုရင် ပင်ပင်ပန်းပန်း လုပ်ကိုင်စားရမှာလေ ဘွဲလေးတစ်ခုတော့ ရအောင်လုပ်ပါ” လို့ အတန်းတစ်တန်းစတက်တဲ့ ကျောင်းဖွင့်တဲ့ အခါတိုင်း အဖေပြောခဲ့ပါတယ်။ ဒါပေမယ့် ကျုပ်တို့တုန်းက လေးနှစ်တာကာလတက်ရတဲ့ တက္ကသိုလ်ပညာရေးခေတ်မှာ […]