(၁) နေကြပ်တဲ့နေ့ (၂) ဩဝါဒ (၃) မစော်ကားနဲ့ (၄) ဒီစာကို မဖတ်ပါနဲ့။ (၅) ဘာသာစကား (၆) ဘာပြောတယ် (၇) ဘယ်လိုသုံးမလဲ (၈) ကိုချင်းစာပါ (၉) ကြားဖူးတယ် (၁၀) ပိုကြီးနေလို့ ******************************************************************************** (၁) နေကြပ်တဲ့နေ့ “““သိပ္ပံ ပညာရှင်တွေဟာ ဘယ်လိုနည်းနဲ့ နေကြပ်တယ်ဆိုတာကိုကြိုတင်သိနိုင်တာလဲမသိဘူးနော်””” “““ ဘာလဲ ၊ သူတို့ သတင်းစာမဖတ်ဘူးထင်လို့လား””” **************************************************************************** (၂) ဩဝါဒ လူတစ်ယောက်ညဘက်အမူးလွန်၍ပြန်လာရာ.. အမျှော်အမြင်ကြီးစွာဖြင့် ကားကိုလမ်းဘေးတွင်ရပ်၊သော့ခတ်ကာအိမ်သို့ လမ်းလျှောက်ပြန်လာသည်။ ထိုအချိန်ရဲတစ်ယောက်နှင့်သွားတိုး၏ ““ည ၂နာရီထိုးပြီ ဒီအချိန်ကြီးခင်ဗျားဘယ်သွားမလို့လဲ””မေးရာ မူးလာသူမှ… ““ဩဝါဒ ပေးတာသွားနားထောင်မလို့ပါ”” ဟုဖြေရာ ရဲက ““ဒီအချိန်ကြီးခင်ဗျားကိုဘယ်သူကဩဝါဒပေးမှာလဲ”” ဟုမေးရာ “““ကျွန်တော့် မိန်းမကပေးမှာပေါ့ဗျ””” ဟုဆိုကာလမ်းဆက်လျှောက်သွား ပါလေတော့သည်။။ […]


(၁) လက်ထပ်မှာလား (၂) သတိပေးထားတာ (၃) မောင့်လက်မှတ်လို့ (၄) မေ့သွားလို့ (၅) ငါအသိဆုံးပါ (၆) နတ်မိမယ် (၇) အရေးပေါ် (၈) ဒီနေ့ပို့မယ့်နေရာ… (၉) ကြိုက်တာဝယ်စားး.. (၁၀) ပလုံ *********************************************************************** (၁) လက်ထပ်မှာလား “မေမေ၊ သားတို့ဦးလေးကြီးကလေ ဟိုဘက်အိမ်က အန်တီလေကို ဖက်နမ်းနေတာဗျ သိလား” “ နေပါစေသားရယ် ၊ သူတို့က လက်ထပ်တော့မှာပဲ” “ဒါဆို သားတို့ဖေဖေလဲ အိမ်ဖေါ်ကောင်မလေးကိုလက်ထပ်တော့မှာပေါ့နော်” ********************************************************************** (၂) သတိပေးထားတာ ““ဟဲလို မီးသတ်ဌာနကလား ခင်ဗျာ”” “ ဟုတ်ပါတယ်ခင်ဗျာ ဘယ်မှာမီးလောင်လို့ပါလဲ” ““ဒီလိုပါခင်ဗျာ ကျွန်တော့်အိမ်ရှေ့ကခြံထဲမှာ ငရုပ်နဲ့ ခရမ်းချဉ်ပင် စိုက်ထားတာ တော်တော်လေး အောင်မြင်နေပါတယ်၊ တစ်နေ့ရောင်းကြေးဟာ  နှစ်ရာ့ငါးဆယ် […]


(၁) ဥပေက္ခာ (၂) ဈေးကြီးလိုက်တဲ့ ကြက်တူရွေး (၃) မတ်တပ်ပဲရပ်မယ် (၄) မှတ်မိလိုက်ပုံက (၅) ကားအနီကြီးသာမောင်းလာခဲ့ပါ (၆) လူမှန်နေရာမှန် (၇) ငှက်ကလေးရဲ့..အဖြစ် (၈) မတူကြဘူး (၉) မျက်စိဆရာဝန် (၁၀) ဖုန်းခေါ်မိလို့ *************************************************************************************** (၁)ဥပေက္ခာ ဘဲ ကိုနာမည်ပြောင်းလိုက်ပြီ.. ဒါဆိုဘယ်လိုခေါ်ရမလဲ… “““ဥပစ်ခါ…လိုခေါ်ပါ””” …….ဘာလို့… ဟုတ်တယ် လေ….. ဘဲက..ဥပြီးတာနဲ ပစ်ထားခဲ့ပြီး ဖင်လေးခါပြီး ထွက်သွားတာကိုး။။။။ ဒါကြောင့် ဥပစ်ခါလို့ပြောင်းလိုက်…………။။ ****************************************************************************** (၂) ဈေးကြီးလိုက်တဲ့ ကြက်တူရွေး……………. အိမ်မွေးတိရစာ္ဆန်များရောင်းသော ဆုင်တစ်ဆိုင်အတွင်း ဝယ်သူတစ်ဦး ရောက်ရှိလာလေသည်။ ဝယ်သူ။ ။ ကြက်တူရွေးတစ်ကောင်လောက် လိုချင်တယ်။ ဆိုင်ရှင်။ ။ ရပါတယ်။ ဒီကြက်တူရွေးက ဒေါ်လာ ၅၀၀၊ ကွန်ပျူတာ […]


(၁) ကူညီပါ့မယ် (၂) မတိုင်နဲ့လေ (၃) နောက်ဆုံးပေါ်အိမ်သားသုံးစက္ကူ (၄) လူစကား (၅) မြန်မြန်ပြန်တော့ (၆) နောင်တ (၇) ဘယ်အချိန်လာရမလဲ (၈) ဘာမှမရှိဘူး (၉) အကြံကောင်း (၁၀)မင်းရဲ. အတွေး အခေါ်ကို ကြိုက်တယ် ******************************************************************************* (၁) ကူညီပါ့မယ် ဟင်းသီးဟင်းရွက်သည်ကို အဘွားကြီးကပြောသည် “အားလူးငါးပိဿာဝယ်မလို့ သမီးရယ်။ ဒါပေမယ့် မသယ်နိုင်မှာ စိုးတယ်ကွယ်။” “မပူပါနဲ့ အဘွား။ အဘွား သယ်နိုင်အောင် ကျွန်မချိန်ပေးလိုက်ပါ့မယ်” ********************************************************************************* (၂) မတိုင်နဲ့လေ အိမ်ထောင်ပရိဘောဂဆိုင်သို့ လူကြီးတစ်ယောက် ဝင်လာပြီး ဆိုင်ရှင်ကို မကျေမနပ် ပြောသည်။ “မနေ့က ခင်ဗျားဆိုင်က ကျွန်တော် ကုလားထိုင်ဝယ်သွားတယ်။ ဒီနေ့ ကျိုးသွားပါပကော။” “မဟုတ်မှလွဲရော၊ တစ်ယောက်ယောက် တက်ထိုင်လိုက်ပြီ […]


တစ်ပါတ်စာ..အမောပြေဟာသ။။။။ မေးလ်ထဲကစုထားသမျှ လေးပါ (၁) အမျိုးရင်း (၂) ခံနေလို့ဖြစ်မလား (၃) အထင်နဲ့အမြင် (၄) နှစ်စီးပေး (၅) ဒါမျိုးသောက်ချင်ရင် ဒီလိုလုပ် (၆) သူ့လက်ရာ (၇) လက်ဝင်လို့ (၈) ငြင်းပါ (၉) ပိန်နည်း (၁၀) အလှည်ကျ **************************************************************************** (၁)အမျိုးရင်း လင်းမယားနှစ်ယောက် ရန်ဖြစ်နေကြသည် မိန်းမဖြစ်သူမှ….. မိန်းမ ။။။  ကျမကိုယ်ကမှားတာ ရှင်ကိုယူမယ့်အတူတူလေ ..သရဲ တစ်ကောင်ကို ကောက်ယူလိုက်ရမှာ..သိလား။။။ ယောက်ျား။။ ဟာ ..အမျိုးအချင်းချင်းတော့ ယူလို့မရပါဘူးကွာ။။။ *********************************************************************** (၂)ခံနေလို့ဖြစ်မလား ရုပ်ရှင်ရုံအဝင်ဝမှာအမျိုးသမီးကြီးတစ်ဦးက လက်မှတ်စစ်ကိုရိုက်လိုုက်လို့ ဘာဖြစ်လို့ရိုက်ရတာလဲ မိုက်ရိုင်းလို့ပါ..ကျွန်မဝယ်လာတဲ့ လက်မှတ်ကိုယူပြီးဆွဲဆုတ်ပစ်တယ်လေ..။ ။ ************************************************************************* (၃)အထင်နဲ့အမြင် ဒေါက်တာကျွန်တော့်ဒဏ်ရာကိုမချုပ်သေးဘဲနဲ့ ဘာဖြစ်လို့အချွန်နဲ့ ထိုးကလိနေရတာလဲ.. နည်းနည်းတော့သည်းခံရမှာပေါ့..အထဲရောက်နေတဲ့ကျည်ဆံ ထိပ်ဖူးကိုထုတ်ပစ်မှဖြစ်မှာမို့ပါ […]


တစ်ပါတ်စာ…အမောပြေဟာသ။။။ မေးလ် ထဲမှာစုထားသမျှလေးတွေပါ။။။ (၁) ပွဲစား (၂) အနှောက်အယှက် (၃) ခင်ဗျားတို့ကိုး (၄) ရှေ့နေ (၅) အလုပ်ပြောင်းလာတာ (၆) ဘာကြောင့်လဲဟင် မေမေ (၇) မှတ်ပြီလား Made in Japan (၈) ထုတ်လုပ်ပုံ (၉) Password (၁၀) ရောဂါဟောင်း ************************************************************************************ ပွဲစား မြင်းပိန်မကြီး ရောင်းရန် သွားသောလယ်သမားကြီးပြန်လာရာ မြင်းပိန်မကြီးပြန်ပါလာသည်ကိုတွေ့သဖြင့်……….. ဇနီး။။။မြင်းရောင်းဖို့သွားတာမြင်းပိန်ကြီးမို့လို့ မရောင်းခဲ့ရဘူးလား။။။ လယ်သမား။။။။ရောင်းဖို့သွားတာပဲ  ဈေးရောက်တော့ ဒေါ်လာ(၆၀)နဲ့ရောင်းဖို့ ပွဲစားလက်အပ်လိုက်တာ ပွဲစားက ငါမသိသေးတဲ့မြင်းပိန်မရဲ့ ကောင်းကွက်နဲ့ အရည်အခြင်းတွေ ထုတ်ဖော်ပြီး ဝယ်သူကိုခေါ်တော့တာပဲဟေ့… ငါလည်းပွဲစားပြောတာတွေနားထောင်ပြီး မြင်းပိန်မကိုရောင်းဖို့ နှမျော လာတာနဲ့ မရောင်းတော့ဘဲပြန်ယူလာခဲ့တာပဲကွာဟု။။။ပြောလိုက်လေသည်။။ *********************************************************************************** အနှောက်အယှက် စာတိုက်မှုးထံဖုန်းဆက်တိုင်ကြားသည်။။။ အိမ်ရှင်။။။  အရင်စာပို့သမားက […]