နွယ်ပင်December 15, 20101min1478
ပန်းဂေါ်ဖီဆိုရင် အများအားဖြင့်က ကြော်စားကြတာများပါတယ် ။နွယ်ပင်ကတော့ တစ်ခါတစ်လေ အပြောင်းအလဲလေးအနေနဲ့ သုပ်စားလေ့ရှိပါတယ် ။ ပန်းဂေါ်ဖီကို သုပ်စားမယ်ဆိုရင် ပါ0င်တဲ့ ပစ္စည်းတွေက အရွယ်တော် ပန်းဂေါ်ဖီ အပွင့်ကို လေးပုံပုံ တစ်ပုံစာလောက်ပဲ လိုအပ်ပါတယ် ။ ခရမ်းချဉ်သီး (2) လုံး ကြက်သွန်ဥနီ (2) လုံး အကြော်စုံ အနည်းငယ် (လက်ဖက်ထဲ တည့်စားသော) ၊ ပုစွန်ခြောက်မှုန့် နဲ့ သံပုရာသီး (1) လုံး ။ ငရုတ်သီးစိမ်း အနည်းငယ် ။ ဆီ စိမ်းအနည်းငယ် နှင့် ယိုးဒယားငံပြာရည် အနည်းငယ် လိုအပ်ပါသည် ။ ရေစင်စင်ဆေးထားသော ပန်းဂေါ်ဖီကို ခပ်သေးသေး (သေးနိုင်သမျှသေးအောင်) လှီးပါ ၊ အရိုးတံများမပါပါစေနှင့် ။ ထို့နောက် […]