manawphyulayAugust 4, 20111min13114
နေပြည်တော်မြို့ကြီးရဲ့ အထင်ကရ ဥယျာဉ်ကြီးဆိုလည်း မမှားပါဘူး။ နာမည်ကိုက ဆာဖာရီဥယျာဉ်လို့ သုံးနှုန်းထားတာကိုတွေ့ရှိရပါတယ်။ နေရာတော့ အတော်ကိုကျယ်တာကို တွေ့ရှိရပြီး နေရာအတော်စုံစုံကို တစ်နေကုန်သွားမှာ အဆင်ပြေမှာဖြစ်ပါတယ်။ နေကတော့ ပူပေမယ့် တိရစ္ဆာန်လေးတွေကိုလည်း ဒီတိုင်းလွှတ်ထားတော့ တောထဲရောက်သွားသလို ခံစားမိပါတယ်။ ဒါကတော့ အဝင်ဝလေးပဲဖြစ်ပါတယ်။ နေရာက အတော်ကျယ်တော့ မနက်စောစောသွားရင်ပိုအဆင်ပြေပါတယ်ရှင်။ နေရာတော့ အတော်ကို ကျယ်ကျယ်ဝန်းဝန်းယူထားတာတွေရပါတယ်။ နေပြည်တော်တစ်ဝိုက်မှာ မြေနေရာတွေ အတော်ပေါနေပုံရပါတယ်။