ဖုန်း … သွားဆက်မိပါတယ်.. အကြွေမရှိလို့ စက္ကန့် (၂၀) ကို ထားတော့ တစ်မိနစ် ၁၀ဝ တဲ့ .. ကိစ္စမရှိပါဘူး..။ ကား … ဟိုးနားဒီနား သွားစီးမိပါတယ်.. အကြွေမရှိလို့ ၁၀ဝ တဲ့ ထားတော့ ကိစ္စမရှိပါဘူး ..။ ဆိုင် … တစ်ဆိုင်ကို ဝင်ပြီးတော့ ဆေးလိပ်မီးညှိတယ် ၂၀ဝ တန်ပေးတော့ ၁၅ဝ ပြန်အမ်းမပေါ့ .. ၁၀ဝ တန်ကို ချိုချဉ်တစ်လုံးနဲ့တွဲလို့ လက်ဝယ်ရောက်လာ၏ ထားတော့ ကိစ္စမရှိပါဘူး..။ ဟိုနေရာ ဒီနေရာ အကြွေမရှိလို့ ဒီနေရာ ဟိုနေရာ အကြွေမရှိလို့ တစ်လကို ၁၀၀၀ဝ လောက်က အကြွေမရှိသူတွေကို လုပ်ကြွေးနေရပါပေါ့ .. ထားတော့ ငါက သူကြွယ်ဆိုလဲ … […]