ဘယ်တတ်နိုင်ပါ့မလဲ ….။။ မနက် ၆ နာရီ ၅မိနစ် ကမန်းကတန်းလူးလဲ ထလိုက်ရတယ် တော်ပါသေးတယ် ဗီဗာဟိန်းကယ်လို့ အလုပ်နောက်ကျတော့မလို့  ငါးမိနစ်မြန်ထားတဲ့ တိုင်ကပ်နာရီကိုလှမ်းကြည့်ပြီး အခုမှ ၆ နာရီထိုးတာပါကွာလို့ စိတ်ထဲက ပြန်ပြောနေမိတယ် .. နိုးလာတဲ့အကြောင်းကတော့ ရပ်ကွက်ဆွမ်းလောင်းဓမ္မာရုံက  အဆိုတော် ဗီဗာဟိန်းရဲ့ နတ်ကနားပေးတဲ့အိမ် ဆိုတဲ့သီချင်းကိုကျယ်လောင်စွာထဖွင့်လိုက်လို့ပါပဲ…အိမ်ရှေခန်းမှာတော့ အဖေလုပ်သူက ပဌာန်း တရားခွေ သံကိုကြားနေရတယ် ခုတင်ခြေရင်းရောက်နေတဲ့ခေါင်အုံးကိုခြေထောက်နဲ့ချိတ်ကောက်ယူပြီး ခေါင်းရင်းပြန်တင်လိုက်တယ်လည်ပင်းမှာစွပ်နေတဲ့ ပုဆိုးကို အောက်ကိုဆွဲချလိုက်တယ် စောင်နှစ်ထည်ကို စုပြီး အလုံးကြီးလုပ်ကာ ခေါင်းရင်းမှာထပ်ပုံ လိုက်တယ် ခြင်ထောင်ကို တွေကရာ အစကနေကိုင်ပြီးအပေါ်ကိုအကုန်ပစ်တင်ကာ မွှေ့ယာခင်းကိုလဲ  ခုနကစောင်းလုံးကြီးပေါ်ခေါက်တင်လိုက်တော့ စောင်လုံးကြီး အဖြစ်လုပ်ထားတဲ့ ဖရိုဖရဲအပုံကြီး  ပျောက်သွားတော့တယ် ဒါကအိမ်ယာသိမ်းနည်းအသစ်ပဲ….။။ အိပ်ရှေ့ဘက်ထွက်လာလိုက်တယ် တန်းပေါ်မှာတင်ထားတဲ့ ရေဝတ်ချိုးတဲ့ ဘောင်းဘီတိုလေး ကောက်စွပ်လိုက်ပြီ သွားတိုက် တံတွေ […]