manawphyulayNovember 27, 20112min21316
ခေါင်းစဉ်ကြောင့် နေပြည်တော်ရဲ့နေဝင်ချိန်ဆိုတော့ ဘာလဲပေါ့။ အဲလိုတော့ မထင်လိုက်နဲ့ဦး။ နေပြည်တော်ကို ၂ ခေါက်ရောက်ခဲ့ပါတယ်။ ဒုတိယအခေါက်ကတော့ နေရာစုံလည်းရောက်သလို နေဝင်ချိန် နေထွက်ချိန်တွေလည်း ကြည့်မိတော့ ဘယ်နေရာမှာ ဘယ်လိုကွာခြားလဲလို့လည်း သုံးသပ်မိတယ်။ နေထွက်ချိန် နေဝင်ချိန်ရှိသလို ကိုယ့်လည်းပဲ နေဝင်ချိန်ဆိုတာ တစ်နေ့တော့ ရောက်လာမှာပဲလို့လည်း သုံးသပ်ရင်း နေဝင်ချိန် လှပအောင် ဘယ်လိုလုပ်ရမလဲလို့လည်း တစ်ဆက်တည်း တွေးမိတယ်။