CAM042571-600x450.jpg

Ma MaAugust 23, 20152min3176
ဆရာအော်ပီကျယ်ရဲ့ ကာတွန်းဒဿ    န တွေကို ရေးရင်းနဲ့  ပွိုင့် တစ်သိန်းပြည့်သွားတာ အမှတ်တရပေ့ါ။ 🙂   ဒီအပတ် တစ်နေ့ပြီးတစ်နေ့ (၁၉) ကတော့ စက်တင်ဘာလ ၁၁ ရက်နေ့ကနေ ၂ဝ ရက်နေ့အထိဖြစ်ပါတယ်။ ရိုးသားကြိုးစား လုပ်အားဖြင့်နိုင်ငံတည် လို့ ဆောင်ပုဒ်ရှိတယ်လေ။ လုပ်အားဆိုတာမှာလည်း ကာယအားထက် ဉာဏအားက ပိုမိုအကျိုးရှိ ထိရောက်စေနိုင်တယ်။ ကာယအားခြင်း ဉာဏအားခြင်းတူသူတွေထဲမှာဆိုရင်တော့ ကြိုးစားအားထုတ်သူက ပိုပြီးတိုးတက်နိုင်တာပေ့ါ။   အခုလိုနည်းပညာခေတ်ကြီးမှာ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးက အရေးကြီးပါတယ်။   ဟိုးတုန်းကအခြေခံအနေနဲ့ လူတိုင်း အ သုံလုံး ကျေဖို့ ဆိုတဲ့နေရာမှာ အရေး၊ အဖတ်၊ အတွက် ကို ပြောတာဖြစ်ပေမယ့်… ခုခေတ်မှာတော့ အခြေခံအားဖြင့် ကွန်ပြူတာ အင်တာနက် သုံးတတ်ဖို့ကို အ […]


Ma MaAugust 2, 20153min21812
Oxford ဆရာတော် ဒေါက်တာ ဓမ္မသာမိဟောတဲ့တရားကိုနာပြီး လူတွေရဲ့ ငြီးငွေ့တတ်မှုနဲ့ အပြောင်းအလဲကို လိုချင်တတ်တဲ့သဘာဝကို ကိုယ့်ကိုကိုယ်မှာလည်း ပြန်ရှာတွေ့မိတယ်။  🙁   ဘယ်လောက်ပဲ သဘောကျကျ ကြာလာရင်ငြီးငွေ့တတ်တဲ့ သဘောရှိတာမို့………….. တစ်နေ့ပြီးတစ်နေ့တွေကို အတော်လည်းငြီးငွေ့နေလောက်ပါပြီ။   သို့သော်လည်း သဂျီးဆာဗာမှာ အလကား ၂၀ဝကျပ်တင်း (ပိုစ့်တစ်ပုဒ် ၂၀၀) ရတာအပြင် ကာတွန်းပြက္ခဒိန်ကို တစ်နှစ်လုံးအတွက် မှတ်တမ်းတင်ချင်လေတော့ ရေးရပေဦးမည်ပေ့ါ။ :k:   ဒီတစ်ပတ်အတွက်ကာတွန်းတွေကတော့ ဩဂုတ်လ ၂၁ရက်နေ့က ဩဂုတ်လ ၃၁ ရက်နေ့အထိဖြစ်ပါတယ်။ အပြိုင်အဆိုင်ဈေးကွက်ခေတ်ကြီးမှာ ……………. ဝန်ဆောင်မှုကို လက်နက်ကောင်းတစ်ခုအနေနဲ့ အသုံးချနိုင်ပါတယ်။   ဟိုးတုန်းက သိန်းပေါင်းများစွာပေးရတဲ့ ဖုံးလိုင်းကဒ်တစ်ကဒ်ကို ဝယ်ယူခွင့်ရဖို့ လျှောက်လွှာတင်၊ အကြာကြီးစောင့်ရတယ်။ ဝယ်ယူခွင့်ရပြီဆိုရင်တော့ သိန်းဆုကြီးပေါက်ပြီပေ့ါ။   အခုအချိန်မှာ ဖုံးလိုင်းကဒ်တစ်ကဒ်ဟာ […]


Ma MaJuly 18, 20156min21616
တစ်နေ့ပြီးတစ်နေ့ကို စိတ်ပါရင် ချဲ့ရေးလိုက် ၁၁ကျပ်ကျရင် ချုံ့ရေးလိုက်နဲ့ ရေးလာလိုက်တာ …………………….   အခုရေးမယ့် အပိုင်း ၁၅ ကတော့ ဩဂုတ်လ ၁ရက်နေ့ကနေ ၁ဝ ရက်နေ့အထိဖြစ်ပါတယ်။   ဒါကတော့ တစ်လလုံးရဲ့ ကာတွန်းတွေ။ <><><><><><><><><><><><><><><><><><><><><><><> တခါက ဖတ်ခဲ့ဖူးတဲ့ စာတစ်ပုဒ်မှာ…. ကျောင်းထိုင်ဆရာတော်ကြီးတစ်ပါးရဲ့ ကျောင်းဝင်းထဲမှာ ခွေးမကြီးတစ်ကောင်ဟာ ခွေးလေးတွေမွေးပြီး ရက်ပိုင်းထဲမှာပဲ သေသွားတယ်တဲ့။   ဆရာတော်ကြီးက ခွေးမကြီး မရှိရင် ခွေးလေးတွေတော့ ဒုက္ခပဲ၊ သေကုန်ကြမှာပဲလို့ စိုးရိမ်မိသတဲ့။   ဒါပေမယ့် ကျောင်းကိုလာကြတဲ့ ဒကာတွေ ဒကာမတွေက အမိမဲ့တဲ့ခွေးပေါက်စနလေးတွေ တွေ့တော့ သနားပြီး မွေးစားဖို့ ခေါ်သွားကြသတဲ့။   အဲဒီလိုနဲ့ အမေခွေးမကြီးသာရှိရင် လမ်းဘေးမှာပဲ ကြီးပြင်းရမယ့် ခွေးကလေးတွေဟာ အိမ်မွေးခွေးတွေ […]


Ma MaJune 27, 20158min25317
မိုးအေးအေးနဲ့ ကွေးလို့ကောင်းတဲ့ရာသီမို့ တက်တက်ကြွကြွမရှိပဲ ပျင်းရိလေးတွဲ့နေမိတယ်။ ဂျူလိုင်လအတွက် ကာတွန်းတွေကို ဇွန်လဆန်းကတည်းက ရေးမယ်လို့ တွေးထားခဲ့ပေမယ့်…. မူလအပျင်းဓာတ်ခံကို သဘာဝကြီးကပါ ပံ့ပိုးပေးလိုက်တော့ လကုန်ခါနီးမှပဲ မဖြစ်မနေ ရေးရပါတော့တယ်။ :kwi: အခုရေးမယ့် တစ်နေ့ပြီးတစ်နေ့ (၁၄)ကတော့ ဂျူလိုင်လ ၁ ရက်နေ့ကနေ ၃၁ ရက်နေ့အထိဖြစ်ပါတယ်။   ++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++ အရာရာတိုင်းမှာ မျက်စိနဲ့ သေသေချာချာကြည့် နားစိုက်ထောင်ပြီး စဉ်းစားဆုံးဖြတ်ဖို့ လိုကြောင်း အသိပေးခြင်းဖြစ်ပါလိမ့်မယ်။ ++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++   စိတ်ပျိုတော့ ကိုယ်နု လို့ သဘောပေါက်မိပါတယ်။ ++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++   အနာဂတ်ဆိုတာ ကိုယ်မပိုင်သေးတဲ့ မရေရာမှုသာဖြစ်တယ်။ ပြီးခဲ့တဲ့ မရနိုင်တော့တဲ့ အတိတ်ကို လွမ်းနေလို့ကလည်း အပိုပဲပေ့ါ။ လက်ရှိအချိန်သည်သာ အကောင်းဆုံးအချိန်။ 🙂 ++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++ ဒေသကောလိပ်မြန်မာစာက တိုင်းရင်းသားစကားပုံတွေမှာ […]


Ma MaMay 26, 20154min23214
တစ်နေ့ပြီးတစ်နေ့ (၁၃) ကတော့ ဇွန်လရဲ့ ဒုတိယပိုင်း ၁၆ရက်နေ့ကနေ ၃ဝရက်နေ့အထိ ကာတွန်းတွေရဲ့ ဒဿ န တွေ ဖြစ်ပါတယ်။   အရင်ပိုစ့်တွေကိုပြန်ဖတ်တဲ့အခါ ဘယ်လပိုင်းကကာတွန်းဆိုတာ သိအောင် မနည်းပြန်ရှာဖတ်ရလို့ ကာတွန်းတွေရဲ့ ရက်အပိုင်းအခြားကို အခုလို ပိုစ့်ရဲ့နိဒါန်းမှာ ထည့်ရေးသွားပါမယ်။     ကဲ…… စကြရအောင်။   လူတစ်ယောက်ချင်းစီရဲ့စွမ်းအင်ကို ဘယ်နေရာမှာ ဘယ်အချိန်မှာ ဘယ်လိုအသုံးပြုမယ်လို့ စနစ်တကျ စီမံတတ်ရင်၊ သူ့နေရာနဲ့သူ သင်တော်မယ့်တာဝန်ကို ခွဲဝေပေးတတ်ရင် လုပ်ငန်းကိုလွယ်ကူစွာ ပြီးမြောက်အောင်မြင်စေနိုင်ပါတယ်။   ဒါပေမယ့် အပြောလွယ်သလောက် အလုပ်ခက်တဲ့အထဲ စီမံခန့်ခွဲမှုကို ထည့်သွင်းချင်ပါတယ်။ :s: ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ ပြောသူ မရဲ၊  ရဲသူ မပြော တဲ့။ ကိုယ့်ဂုဏ်ကိုယ်ဖော် မသူတော် တဲ့။   ကြားဖူးတဲ့ […]


Ma MaMay 24, 20155min33818
တစ်နေ့ပြီးတစ်နေ့ရေးလာတာ အခုဆိုရင် အပိုင်း (၁၂)  ဇွန်လကာတွန်း ၁ရက်နေ့ကနေ ၁၅ ရက်နေ့  အလှည့်ကို ရောက်လာပါပြီ။ 🙂   ပိုစ့်ကိုစပြီးရေးတုန်းက ပြက္ခဒိန်နေ့စွဲအတိုင်း ရေးသွားမှာမို့ ခေါင်းစဉ်ကို တစ်နေ့ပြီးတစ်နေ့ လို့ ပေးလိုက်မိတယ်။   ရေးရင်းရေးရင်းနဲ့ စဉ်းစားမိတာက….. တစ်နေ့ပြီးတစ်နေ့ ဆိုတာထက် တစ်ရက်ပြီးတစ်ရက် ဆိုရင် ပိုမှန်လေမလားလို့။ 🙄   ရုံးစာရေးတဲ့အခါ (Date) ရေးရင် နေ့စွဲလို့ ခေါင်းစဉ်မတပ်ပဲ၊ ရက်စွဲလို့ပဲ ခေါင်းစဉ်တပ်ရတယ်လို့ မြန်မာစာဆရာမက သင်ပေးဖူးတာကို သတိရမိသွားလို့။   တနင်္လာနေ့၊ အင်္ဂ ါနေ့စတဲ့ နေ့တွေကို အစွဲပြုပြီးရေးတာကိုမှ နေ့စွဲ။ ၁ရက်၊ ၂ရက်၊ စသဖြင့် ရက်ကို အစွဲပြုပြီးရေးတဲ့ (Date) ကိုတော့ ရက်စွဲ လို့ […]


Ma MaMarch 26, 20157min31819
ကာတွန်းပြက္ခဒိန်က ကာတွန်းတွေကြည့်ပြီး သဘောကျလို့ ရွာထဲမှာ ပြန်မျှဝေဖြစ်တယ်။   ကာတွန်းတွေကိုပဲ ကြည့်ဖြစ်နေတာနဲ့ ပြက္ခဒိန်ရဲ့ အနှစ်သာရတောင် ပျောက်သွားတယ်။   ဧပြီလအတွက်ကာတွန်းတွေ ရေးနေတာတောင် သင်္ကြန်အကြိုကဘယ်ရက်၊ နှစ်ဆန်းတစ်ရက်နေ့က ဘယ်ရက်ဆိုတာကို မသိဘူး။   ဒါနဲ့ပဲ အများသတိထားမိအောင် နိုင်ငံတကာရောက် ရွှေတွေလည်း သင်္ကြန်ပိတ်ရက်သိရအောင် ရေးအုံးမှပဲလို့ အတွေးပေါ်လာတယ်။   ဒီနှစ်သင်္ကြန်က………….. ဧပြီလ ၁၃ရက်နေ့ တနင်္လာနေ့ သင်္ကြန်အကြိုနေ့ ဧပြီလ ၁၄ရက်နေ့ အင်္ဂ ါနေ့ သင်္ကြန်အကျနေ့ ဧပြီလ ၁၅ရက်နေ့ ဗုဒ္ဓဟူးနေ့ သင်္ကြန်အကြတ်နေ့ ဧပြီလ ၁၆ရက်နေ့ ကြာသပတေးနေ့ သင်္ကြန်အတက်နေ့ ဧပြီလ ၁ရရက်နေ့ သောကြာနေ့ နှစ်ဆန်းတစ်ရက်နေ့ တို့ ဖြစ်ပါတယ်။   ရုံးပိတ်ရက်သတ်မှတ်ချက်ကတော့ ဧပြီလ ၁၂ ရက်နေ့ […]


Ma MaMarch 4, 20153min23712
  တနေ့ပြီးတနေ့ (၃) က ကိုဘလက်ရဲ့ ကွန်မန့်မှာ ဆရာအော်ပီကျယ်ကို …….. အမေရိကားတို့ အင်္ဂလန်တို့ ရဲ့ ဒိတ်ဒိတ်ကျဲ တက္ကသိုလ်ကြီးတွေမှာ ပညာတွေ သွားသင်ခဲ့တာဟာလည်း လုပ်ကိုင်စားသောက်ဖို့မဟုတ်ပဲ ကာတွန်း ရေးဖို့ အတွက်ပဲလို့ ကြွေးကြော်သူပါ…။ လို့ ရေးထားတယ်။   အောင်မြင်သူတစ်ယောက်ရဲ့ ရည်ရွယ်ချက် ရည်မှန်းချက်ဟာ ခိုင်မာတယ် ပြတ်သားတယ်။   အောင်မြင်ချင်ရင် အောင်မြင်သူတွေကို အတုယူသင့်ပါတယ်။   ပုံမှန်အားဖြင့်တော့ သာမန်လူတွေထက် ထူးချွန်ထက်မြက်လို့သာ၊ ပိုမိုစွမ်းဆောင်နိုင်လို့သာ ခေါင်းဆောင်ဖြစ်တာပေ့ါ။   ခုခေတ်မှာ အိုင်ကြူ  တမျိုးတည်းတင်မဟုတ်ပဲ အီးကြူ  အက်စ်ကြူ  တွေနဲ့ပါ တိုင်းတာမှုတွေ လုပ်ကြတဲ့အခါ…………   လက်ရုံးရည်ကောင်းလို့ ခေါင်းဆောင်ဖြစ်သူ နှလုံးရည်ကြောင့် ခေါင်းဆောင်ဖြစ်သူ ဆိုပြီး မြင်နိုင်ပါတယ်။   […]