စဆရ ႀကီးDecember 24, 20111min23621
သက်ရှိကမ္ဘာကြီးသည်ကား အမှောင်ထု ကြီးစိုးနေလေပြီ။ နေ့အလင်းရောင်ကို တုပြိုင်ကာ နီယွန်မီးရောင်များဖြင့် ဆင်ယင်ထားပါသော်ငြား အဘယ်သို့မျှ ထပ်တူ မညီနိုင်ပြီဖြစ်၏။ မီးတိုင်များအောက်တွင်မတော့ ညီညာပြန့်ပြူးနေသော ကတ္တရာလမ်းမကြီးသည်ကား ငြိမ်သက်စွာ လှဲလှောင်းနေ၏။ ဘေးပါတ်ဝန်းကျင်တွင်မတော့ အရာရာသည် အမှောင်ထုအောက်တွင် အိန္ဒြေကြီးမားလှစွာ တိတ်ဆိတ်ပျောက်ကွယ်နေသည်။ Nissan NPR Truck ကားနောက်ခန်းတွင် လူမျိုးပေါင်းစုံပါဝင်သော သင်္ဘောကျင်းအလုပ်သမားများသည် ကြမ်းပြင်ပေါ်တွင် တစ်ယောက်နှင့်တစ်ယောက် ပူးပူးကပ်ကပ်၊ ကြပ်ကြပ်ညပ်ညပ်ထိုင်ရင်း သဘာဝအတိုင်းတိုးဝင်လာသော လေများကိုခံရင်း အပြုံးအရယ် ကင်းမဲ့စွာဖြင့် လိုက်ပါလာကြလေသည်။ မြို့အစွန်အဖျားဖြစ်သည့်အတွက် ကြည့်စရာမိုးမျှော်တိုက်တာတွေလဲမရှိ၊ ပေါင်တိုဖြူဖြူလေးတွေလဲ ငမ်းစရာမရှိသည့်အတွက် ငိုက်မျည်းရင်းသာ ရှိကြကုန်၏။ တရားဝင်ခွင့်ပြုထားသော ၂၅ ယောက်စာမကသည့်လူဦးရေကို နေ့စဉ်သယ်ပိုးကာ သွားနေရသောကားမှာ ဖမ်းဆီးမည့်ရဲလဲမရှိသဖြင့် အေးအေးလူလူသာ လိုရာခရီးကို မောင်းနှင်နေဆဲဖြစ်သည်။ ဘုရားစူး တိုးတက်စည်ကားလှပါသည်ဆိုသော နိုင်ငံ၊ မြေနေရာ ရှားပါးလှပါသည်ဆိုသော […]