manawphyulayJuly 16, 20101min651
မြန်မာ သမီးရည်းစားတွေ စင်္ကာပူမှာ ဘယ်လိုကဲလဲဆိုတာကို ဖော်ပြလိုခြင်းမဟုတ်ပါ။ သူတို ့တွေ ပတ်ဝန်းကျင်က လူတွေကို ဘယ်လို အနှောင့်အယှက်တွေပေးလဲဆိုတာကို ဖော်ပြလိုခြင်းဖြစ်ပါတယ်။ နောက်လာမည့် သူများ အကြောင်းမသိသေးသူများအတွက် ဆောင်ရန်ရှောင်ရန်များလည်း ဖြစ်စေလိုသောကြောင့်လည်းပါပါတယ်။ ကျွန်မ အတွေ ့အကြုံများကို အရင်ဆုံးပြောပြလိုပါတယ်။ ကျွန်မအထင် အဲလိုပြသနာတွေကို အဓိက ရင်ဆိုင်နေရတာ အမျိုးသမီးများဖြစ်မယ်ထင်ပါတယ်။ အမျိုးသားများကတော့ သိပ်ပြီး ပြသနာဖြစ်မယ်မထင်ပါ။ အဘယ်ကြောင့်ဆိုသော် ကျွန်မမြင်ဖူးသမျှ သမီးရည်းစားများက ရည်းစားဖြစ်ပြီး ကဲချင်ပြီဆိုလျှင် မိန်းကလေးအိမ်ကိုသာ သွားကြတာကိုပဲလို ့ပါ။ မိန်းကလေးအိမ်ကို သွားပြီဆိုလျှင်လည်း မိန်းကလေး အိမ်မှာ ကျန်သော အခန်းဖော် တအိမ်တည်း အတူနေမိန်းကလေးများမှာ အနှောင့်အယှက်ဖြစ်ကြရတော့သည်။ သူတို ့သမီးရည်းစား ဧည့်ခန်းထဲမှာပဲ တွေ ့ကြအုံး ကျန်တဲ့မိန်းကလေးတွေမှာ အနေရကျပ်ဖြစ်လာပါတယ်။ သမီးရည်းစားမဟုတ်သည့် အမျိုးသား […]