moonpoemJune 1, 20111min17225
အမျိုးသမီးများအတွက် ဆွဲဆောင်နိုင်စွမ်းရှိသူများသည် ပျော် ရွှင်ရယ်မောနေတတ်သော အမျိုးသားများ ထက် တည်ငြိမ်အေးဆေးစွာရှိသောအမျိုး သားများဖြစ်သည်ဟု သုတေသီတို့ကပြော ကြားခဲ့ကြသည်။ ထို ့အရာနှင့် ဆန် ့ကျင်ဘက် အမျိုးသား များအတွက်မှာမူ ဆွဲဆောင်မှုရှိသူအမျိုးသမီး များမှာ ပျော်ပျော်ရွှင်ရွှင်နေတတ်သည့်အမျိုး သမီးများဖြစ်ကြောင်း သိရသည်ဟူသောသတင်းကို ရန်ကုန်တိုင်းမ်(ဖလားဝါးနယူးဂျာနယ်)တွင်ဖတ်လိုက်ရသည်။ လူသားတိုင်းတွင် လွတ်လပ်စွာ သဘောကွဲလွဲခွင့်ရှိသည်ဟူသော အဆိုနှင့်အညီ ကျွန်မလည်း ကိုယ့်သဘောနှင့်ကိုယ် ခပ်တည်တည်ဖြင့်ပင် သဘောထားကွဲလွဲလိုက်ပါသည်။ သင်သည် ယောက်ျားလေးတစ်ဦးဖြစ်ခဲ့ပါပြီဆိုပါတော့ ပတ်ဝန်းကျင်က ဖြစ်စေ မိဘကသဘောတူသော (သို့မဟုတ်) သဘောကျသော မိန်းကလေးများကို တွေ ့ဘူးပါသလား။ သူတို ့သည် သူတို ့သဘောကျသော မိန်းကလေးနှင့် ပတ်သတ်ပြီး ချီးမွမ်းခန် းဖွင့်သည့်အခါ အဲဒီကောင်မလေးပေါ့ အနေအထို်င် သိပ်ယဉ်ကျေးတာ တော်တော်သိမ်မွေ ့တာ မိဘအပေါ်လည်းသိတတ်လိုက်တာ လိမ္မာလိုက်တာ […]