etoneOctober 8, 20124min33926
မန္တလေးဂေဇက် ကျေးဇူးဖြင့် ရင်းနှီးခင်မင်ခွင့်ရခဲ့သော စိတ်တူကိုယ်တူ ရွာသူ ၊ရွာသားများအပါဝင် ၊ ပညာရေးအတွက်ထက်သန်စွာအားဖြည့် လှူဒါန်းသူ အလှူရှင်များဖြင့် ပေါင်းစပ်ဖွဲ ့စည်းထားသော ဒါဇင်ပလက်စ်အဖွဲ့ဧ။် တတိယအကြိမ်မြောက် ပညာရေးအလှူကို ယနေ့ အောက်တိုဘာလ (၇)ရက်နေ့၊ မနက်ကိုးနာရီအချိန်တွင် ၊ ရန်ကုန်တိုင်း ၊ စမ်းချောင်းမြို့နယ် ၊ ကိုးထပ်ကြီးဘုရားဝင်းအတွင်းရှိ ၊ ရွှေတောင်တိုက်သစ်စာသင်တိုင် ၊ (ဘုန်းတော်ကြီးသင် ပညာရေးကျောင်း)သို့ သွားရောက်လှူဒါန်းခဲ့ကြသည်။ ကြိုတင်အကြောင်းမကြားထားပါပဲ သွားရောက်လှူဒါန်းခြင်းမျိုးဖြစ်သဖြင့် တိုက်အုပ်ဆရာတော် ဦးထေရာဝံသာ ဘိဝံသမှာ ဆွမ်းခံထွက်သွားရာ တိုက်အုပ်ဆရာတော်ကိုယ်စား ၊ ဆွမ်းစားကျောင်း တာဝန်ခံဆရာတော် ဦးဝီရိယမှ ပညာရေးအတွက်အားဖြည့် လှူဒါန်းငွေ တစ်သိန်းရှစ်သောင်းငါးထောင်ကျပ်(၁၈၅,၀၀၀/-)ကို လက်ခံခဲ့ပါသည် ။ ထို့နောက် ပညာရေးတာဝန်ခံဆရာတော် ဦးအာစာရက ကျောင်းဧ။် လတ်တလောအခြနေနှင့် ကျောင်သားများဧ။် သင်ကြားမှူအပိုင်းကို အသေးစိတ်လိုက်လံရှင်းပြပေးခဲ့ပါသည် […]