– – – – – ================== တစ်ခါတုန်းက တံငါသည်တစ်ဦးဟာ ပင်လယ်ကမ်းခြေတစ်ခုရဲ့ အရိပ်အာဝါသကောင်း တဲ့သစ်ပင်တစ်ပင်အောက်မှာ အေးအေးဆေးဆေး လှဲနေရင်း ဆေးလိပ်တစ်လိပ်ကို ဇိမ်နဲ့သောက်နေတယ် ။ အဲဒီအချိန်မှာ သူ့အနားကို လုပ်ငန်းရှင်သူဋ္ဌေးကြီးတစ်ဦးရောက်လာပြီး … “ဘာကြောင့်အလုပ်မလုပ်ပဲနဲ့ အရိပ်အောက်မှာ ဆေးလိပ်သောက်နေသလဲ” – လို့မေးပါတယ်။ အဲဒီတော့ တံငါသည်က – “ဒီနေ့အဖို့တော့ ငါးတွေလုံလုံလောက်လောက်ဖမ်းမိပြီဖြစ်တဲ့အတွက် အနားယူနေကြောင်း” – ပြန်ပြောတယ် ။ သူဋ္ဌေးကြီးဟာ တံငါသည်အပေါ် အားမလိုအားမရ ဖြစ်သွားသလို ဒေါသလည်းထွက်သွားခဲ့ပါတယ်။ သူဋ္ဌေးကြီးက… “ ဘာကြောင့်နောက်ထပ်ငါးတွေဆက်မဖမ်းပဲနဲ့ အရိပ်ထဲမှာ မင်းရဲ့အချိန်တွေကို ဖြုန်းရတာလဲ ” – လို့ မေးလိုက်ပါတယ်။ တံငါသည် ကပြန်မေးလိုက်တာက “ကျနော်ငါးတွေထပ်ဖမ်းပြီးဘာလုပ်ရမှာလဲခင်ဗျ ” သူဋ္ဌေးကြီးက “ […]