Mr. MarGaNovember 28, 20121min1666
တန်ဆောင်မုန်း လပြည့်နေ့အတွက် ဦးမာဃရဲ့ လက်ဆောင် ဘာရယ်မဟုတ်ပါဘူး အရင် သီတင်းကျွတ်လတုန်းက လေးပေါက်က လပြည့်နေ့မှာ တစ်ရွာလုံးကို ဘုရားဖူးပို့ပေးတာလေးသွားသတိရမိလို့ ဒီခေါင်းစဉ်လေးကို ပေးဖြစ်တာပါ။ ဒီပို့စ်က တန်ဆောင်မုန်းလပြည့်နဲ့တော့ သိပ်မဆိုင်ပါဘူး ဒါပေမယ့် တန်ဆောင်မုန်းလပြည့်နေ့မှာ လူငယ်တွေက လူကြီးတွေဆီက မုန့်ဖိုးတောင်းတတ်ကြတာကို သွားသတိရမိတာက တစ်ကြောင်း။ ဦးမာဃလဲ ဒီရွာထဲက လူကြီးသူမအဖြစ် ကိုယ့်ကိုယ်ကို ခံယူပြီးတော့ မုန့်ဖိုးပေးချင်စိတ်ပေါ်လာတာက တစ်ကြောင်း ။ (အင်း…… ငရဲတွေတော့ အစုလိုက် အပြုံလိုက် ကြီးတော့မယ်။ ကိုယ်က အသက်အငယ်ဆုံးတောင် ဖြစ်ချင်ဖြစ်နေမှာကိုနော်) အဲဒီ အကြောင်းတွေကြောင့် အပေါ်က ခေါင်းစဉ်လေးထွက်လာတယ်။ အဲ ဒါပေမယ့် ဦးမာဃမှာ ရွာသူားတွေကို ပေးစရာ မုန့်ဖိုးတော့မရှိဘူး ဒါကြောင့် ဦးမာဃ ဖတ်ထား မှတ်ထားတဲ့အထဲက တစ်ခုကိုထုတ်ပြီးတော့ ဗဟုသုတလက်ဆောင်အနေနဲ့ […]