ကြားဖြတ်သတင်း ဒေါ်အောင်ဆန်းစုကြည်အား နှုတ်ဆက်သည့် တပ်မတော်သားအား စစ်တိုင်းမှူးကိုယ်တိုင် လွှတ်ပေးလိုက်ပြီ မတ်လ ၆ ရက်၊ ၂၀၁၂၊ ည ၉နာရီခွဲ (YPI) ဒေါ်အောင်ဆန်းစုကြည်၏ ကလောမြို့ ခရီးစဉ် အတွင်း ဒေါ်အောင်ဆန်းစုကြည်အား နှုတ်ဆက်လိုက်သဖြင့် ဖမ်းချုပ်ခြင်းခံရသည့် တပ်မ ၅၅ မှ တပ်သား ကျော်ဇင်ဝင်းအား ယနေ့ညနေပိုင်းတွင် အရှေ့ပိုင်းတိုင်း စစ်တိုင်းမှူး ကိုယ်တိုင် လာရောက်၍ အချုပ်မှ လွှတ်ပေးလိုက်ကြောင်း ကလောမြို့ လုံခြုံရေး သတင်းရပ်ကွက် အဆိုအရ သိရှိရသည်။ Credit to;http://www.facebook.com/ygnpress/posts/330106580369304 ဒါမှလဲ ရှင်းရောဗျာ။တပ်မတော်ထဲမှာလဲ အာဏာပေါ်တပ်မက်သူတွေ မကုန်သေးဘူး။အရင်ခေတ်လို မှတ်နေတယ်ထင်တယ်။ကျနော် အမြဲပြောခဲ့သလို တပ်မတော်ပေါ်မယုံနိုင်ဘူးလို ့။ခုလဲကြည့်ပါအုံးဗျာ။ ဘယ်လောက် ရုပ်ပျက်သလဲ။ခက်တော့နေပီ။ဒီလောက်ထိ အကျင့်ပျက်နေတဲ့ တပ်ထဲက အာဏာရှင်တွေ အပေါ် ဘယ်တော့မှဖြင့် ယုံရမလဲဗျာ။