Yin Nyine NwayAugust 29, 20101min440
< တစ်နေ့ ကျွန်မစာအုပ်အဟောင်းဆိုင်တန်းဘက်တွေလျှောက်မွှေရင်း Chinese Literature 1979ဆိုတဲ့စာမျက်နှာ၁၂၃ မျက်နှာပါတဲ့ စာအုပ်ဟောင်းလေးတစ်အုပ်ကို ရခဲ့တယ်။ ဒီစာအုပ်လေးထဲမှာ တရုပ်ပြည်ရဲ့ ထင်ရှားတဲ့ယဉ်ကျေးမှု၊ အနုပညာ၊ ထုံးတမ်းစဉ်လာ၊ ပုံပြင်၊ ဒဏာရီနဲ့ ဝတ္ထုတိုတွေ ပါဝင်နေတယ်။ အဲ့ဒီအထဲက ကျွန်မဘလော့ဂ်နဲ့ သင့်တော်မယ့် အကြောင်းအရာလေး၃ပုဒ်ကို Fabelsဆိုတဲ့ ခေါင်းစဉ်အောက်ကနေ ရလိုက်တယ်။ အခုအောက်ဖော်ပြပါ ပို့စ်ကတော့ အဲ့ဒီ၃ပုဒ်ထဲက ပထမဦးဆုံးတစ်ပုဒ်ပါဘဲ။ ကျန်၂ပုဒ်ကိုလည်း အလျဉ်း သင့်သလို တင်ပေးသွားပါမယ်။> တခါတုန်းက တယူသန် နဲ့ မောက်မာတို့ ကမာ္ဘကြီးပေါ်မှာအတူရှိနေကြတယ်။ အတူရှိတယ်လို့ပြောရတာက သူတို့၂ယောက်ဟာ ခန္ဓာကိုယ် တစ်ကိုယ်ထဲမှာ နှစ်ယောက်ပါဝင်တည်ရှိနေလို့ပါဘဲ ။ ဒါပေမယ့် အဲ့လိုရှိနေတာကိုုတော့သူတို့၂ယောက်က လုံးဝမသိကြပါဘူး.။ သူတို့ ၂ယောက်က အခုလို ခန္ဓာကိုယ် တစ်ခုထဲမှာအတူရှိနေကြပေမယ့် သူတို့ကိုယ်သူတို့တော့ သီးသန့်စီ တည်ရှိနေတယ်လို့ထင်နေကြတာပါ။ […]