manawphyulayDecember 4, 20101min632
တရားအားထုတ်တဲ့အလုပ်ကို ဆရာဝန်က လူနာကို ပေးတဲ့ ဆေးပုလင်းနဲ့ နှိုင်းလို့ရပါတယ်။ ဆေးပုလင်းမှာ ဘယ်လိုသောက်ရမယ်ဆိုတဲ့ အသေးစိတ် ညွှန်ကြားချက်တွေပါပါတယ်။ ဒါပေမယ့် လူနာက ဘယ်လောက်ပဲ ညွှန်ကြားချက်ကို ရာချီပြီး ဖတ်ဖတ်၊ ဒါပဲလုပ်မယ်ဆိုရင်တော့ သူ သေဖို့ သေချာပါ့။ ဆေးရဲ့ အာနိသင်ကို သူ ဘာမှခံစားရမှာ မဟုတ်ဘူး။ သူက မသေခင်မှာ ဆရာဝန် မကောင်းကြောင်း၊ ဆေးက သူ့ကို မပျောက်စေနိုင်ကြောင်း ပြောချင်ပြောမယ်။ ဆရာဝန်ကို အတုလို့ထင်၊ ဒါမှမဟုတ် ဆေးကို တန်ဖိုးမရှိလို့ထင်၊ သူ့အနေနဲ့ကတော့ ပုလင်းကို ကြည့်ပြီး ဆေးစာကို ဖတ်ရုံကလွဲပြီး ဘာမှမလုပ်ဘူး။ ဆရာဝန်ရဲ့ ညွှန်ကြားချက်ကို မလိုက်နာ၊ ဆေးကိုလည်း မသောက်။ တကယ်လို့သာ သူဟာ ဆရာဝန်ရဲ့ ညွှန်ကြားချက်ကို လိုက်နာပြီး ဆေးကို […]