manawphyulayFebruary 10, 20121min681
သီတဂူဆရာတော်ကြီး ၇၅ နှစ်ပြည့်အတွက် စာပေပန်းကုံး (၂) တပည့်တော် ဆက်လက်ပူဇော်ချင်တာကတော့ ဆရာတော်ဘုရားကြီးရေးသားခဲ့သောစာများအကြောင်းပင် ဖြစ်ပါသည်။ ဆရာတော်ဘုရားကြီးကို တပည့်တော် နာဂစ်အလှူပြုသွားမှသာ အနီးကပ်မြင်ဖူး၊ ဖူးခဲ့ရပါသည်။ တပည့်တော်တို့ သွားရောက်လှူဒါန်းခဲ့စဉ်က ကားတန်းစီပြီး စောင့်နေတုန်းအချိန်တွင် ဘေးချင်းကပ်ကားမှ ဆရာတော်ကြီးသာသနာပြုအဖွဲ့နဲ့အတူ ဦးဆောင်လာခဲ့စဉ်က ဖူးမြော်ခဲ့ရပါသည်။ လှူသောနေရာ မတူညားလည်း အလှူတရားလက်ကိုင်ထားလို့ လမ်းကြောင်းကတော့ တစ်ကြောင်းတည်းပဲလို့ စိတ်ဝယ်မှတ်သား ပီတိဖြစ်ခဲ့ရပါသည်။ နောက်တစ်ချိန်ပြန်ဆုံချိန်ကတော့ ရေအလှူသွားလှူစဉ်ကပင် ဖြစ်ပြန်ပါသည်။ တပည့်တော်သည် မိသားစုစီးပွားရေးအခြေအနေအရ အလှူအတန်းကို ဇောက်ချမလုပ်နိုင်သည့်တိုင်အောင် အဖွဲ့လေးများဖြင့် ကြိုကြား ကြိုကြား ပရဟိတအလုပ်မှာ တတ်နိုင်သလောက်သာ ပါဝင်နိုင်ခဲ့သဖြင့် ကိုယ်တိုင် အားမလိုအားမရဖြစ်မိခဲ့ပါသည်။ ဒါပေမယ့် အများအတွက် နှမ်းတစ်စေ့နဲ့ ဆီမဖြစ်မှန်းသိပေမယ့်လည်း နှမ်းစေ့တစ်စေ့နဲ့ အာသာပြေ လှူဒါန်းနိုင်အောင် ကြိုးစားခဲ့ပါသည်။ ဆရာတော်ကြီးရဲ့ သာသနာအလှူ၊ ကျောင်းတွေအလှူ၊ […]