panpanDecember 22, 20101min65
ပြီးခဲ့သည့် ရက်ပိုင်းအတွင်း မြန်မာသတင်းဌာနများ၏ “အမေရိကန်သမ္မတကတော်ဟောင်းက ဒေါ်အောင်ဆန်းစုကြည်နှင့် ဖုန်းဆက် စကားပြော” ဟူသော ရေးသား ထုတ်လွှင့်ချက်များကြောင့် အမေရိကန် သမ္မတကတော် မီရှဲလ် အိုဘားမား ဒေါသောင်းကျန်းသူ ထနေသည်။ သူသာလျှင် အိုဘားမား၏ တဦးတည်းသော ကတော် ဖြစ်သည်၊ အိုဘားမားတွင် ကတော်ဟောင်းများ မရှိ စသည့် အချက်များကို မြန်မာသတင်း ဖတ်ရှု နားဆင်သူ ပရိသတ်တို့ သဘောပေါက်စေရန် ဆန္ဒ ပြင်းပြနေသည်ဟု မြန်မာ့ မီဒီယာ တစ်ခု၏ အမှုဆောင်အရာရှိချုပ် တစ်ဦးက ပြောသည်။ “ဪ — ဟုတ်တယ်။ သူက အရမ်းကို ဒေါသဖြစ်နေတာ။ ကျမယောက်ျားက အိမ်ထောင် တဆက်ပဲ ရှိတယ် ဘာ ညာ သာရကာ နေကြာ ကွာစေ့ပေါ့ဗျာ၊ ကျနော်တို့ […]