မုံရွာ၊ မတ်- ၁၃ မုံရွာမြို့အနီး ချင်းတွင်းမြစ် သက်ရင့် သဲသောင်ကျွန်းဖြစ်သည့်ရန်အေး ကျွန ်းပေါ်တွင်ယခုနှစ်ဆန်းပိုင်းအတွင်း ပြည်တွင်းစိုက်ပျိုးရေး ကုမ္ပဏီတစ်ခုမှဖရဲစိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်လျက် ရှိရာ ဖရဲသီးခိုးယူစားသောက်သူ များဟု စွပ်စွဲခံရသူများအား ဖရဲသီးတစ်လုံးလျှင်ကျပ်တစ်သိန်းအထိ ပေးလျော်စေခဲ့ကြောင်းညောင်ပင်ဇောက်ကျေးရွာအုပ်စုဒေသခံ များကပြောသည်။ “ချင်းတွင်းမြစ်အတွင်းက ရန်အေးကျွန်းပေါ်မှာ ပြည်တွင်းစိုက်ပျိုးရေးကုမ္ပဏီအမည်ခံ တရုတ် လူမျိုးတွေရဲ့ဖရဲစိုက်ခင်းတွေနှစ် တိုင်းလိုလိုလာစိုက်တယ်။ ဒီနှစ် မတ်လဆန်းမှာ ကျွန်းပေါ်ဖရဲခင်း တွေထဲက ဖရဲသီးခိုးတယ်ဆိုပြီး ကလေးတွေကို ညောင်ပင်ဇောက် အုပ်စု ရပ်ကွက်လူကြီးတွေတိုင်တယ်။ဖရဲသီးခိုးတဲ့ကလေးတွေကို ဖရဲသီးတစ်လုံး တစ်သိန်းနှုန်းနဲ့ ဒဏ်ရိုက် အရေးယူတယ်” ဟု ညောင်ပင်ဇောက် ကျေးရွာအုပ်စု ရွှေကုန်းရပ်ဒေသခံတစ်ဦးကပြောသည်။ “ကျွန်းပေါ်မှာစိုက်ခင်းတွေဆီကကလေးတွေခိုးတယ်ဆိုတာ မကြာခဏကြုံတွေ့ရတဲ့ အဖြစ်အပျက်ပါ။ ကလေးတွေက ချို့တဲ့ တော့ ကျွန်းပေါ်မှာသစ်သီးတွေဟင်းသီးဟင်းရွက်တွေသိပ်ပေါ တာဆိုတော့ ကလေးတွေ စားချင်လို့ ယူတာကို တောင်သူတွေက သိပ်မပြောဘူး။အခုစိုက်ပျိုးရေးကုမ္ပဏီဆိုတော့ […]