နွယ်ပင်December 23, 20101min966
ဟူးကောင်းတောင်ကြား ဒေသမှ မြန်မာကျားတစ်ကောင်.. ယခုအချိန်မှာတော့ ကျားကောင်ရေ ၈ဝကျော်သာ ကျန်ရှိပါတော့တယ်.. တရုတ်နိုင်ငံမှာ ဈေးကောင်းရတဲ့ အတွက် အသတ်ဖြတ်ခံရပြီး ရောင်းစားခံနေရတဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံက ကျားသတ္တဝါတွေပါ.. မြန်မာနိုင်ငံက ကျားရေခွံရောင်းဝယ်တဲ့ ဈေးကွက် အခြေအနေကို ဓာတ်ပုံတွေနဲ့ဖော်ပြထားပါတယ်…။ မြန်မာနိုင်ငံက ကျားရေခွံတွေကို တရုတ်နိုင်ငံက ဝယ်ယူတာဖြစ်ပြီး အရေခွံမပျက် ဦးခေါင်းပါ အပျက်အဆီးမရှိတဲ့ ကျားရေခွံတစ်ခုရဲ့ ရောင်းဈေးဟာ မြန်မာငွေ သိန်းတစ်ရာမှ ၁၅ဝထိ ဈေးရှိကြောင်း ပြည်တွင်းမှ ပေးပို့လာတဲ့ မြန်မာပြည်ကလာတဲ့စာ သတင်းတစ်ပုဒ်မှာ ဖော်ပြဘူးပါတယ်..။ ဒီကျားရေခွံတွေကို တရုတ်နိုင်ငံထဲ အထိသယ်ဆောင်ရာမှာ အကျင့်ပျက် ဝန်ထမ်းအဆင့်ဆင့် ကိုလာဘ်ပေး လာ်ယူ ပြုလုပ်ပြီး ဖမ်းဆီးသယ်ဆောင် ရတာဖြစ်ပါတယ်..။ ကျွန်တော်တို့ နိုင်ငံမှာ သယံဇာတတွေ ပေါများကြွယ်ဝတာတင် မကပဲ သဘာဝကပေးထားတဲ့ ရေမြေတောတောင် […]