fattyDecember 10, 20101min602
ကျောင်းသားဘဝကထဲက ရန်ကုန်တက္ကသိုလ် RC ထဲမှာ စတိုးဆိုင်တွေများထဲက တယ်လီဖုန်းရျိသောဆိုင်ကလေးမှာ လူတွေအုံးနေတာ သတိပြုမိသည်။ တယ်လီဖုန်းပြောဖို့တန်းစီစောင့်ကြရသည် ..။ မစောင့်နိုင်သူတွေ ကျောင်းဝင်းအပြင်ထွက်ပေတော့ အဝေးကြီးသွားရမယ် ..။ ပြောချင်တာက အဲဒီစတိုးဆိုင်လေးဟာ နှစ်အတော်ကြာအောင် ဈေးကွက်ကို အပိုင်စီးထားနိုင်ခဲ့တဲ့ အကြောင်းပါ ..။ ထိုစတိုးဆိုင်ကို တက္ကသိုလ်ရဲ့ ဆက်သွယ်ရေးဈေးကွက် ပထမဆုံးသူ first mover ဟုခေါ်ရမည်ပင် ..။ မီးပွိုင့်များတွင်ဂျာနယ်လက်ပွေ့ရောင်းသူ အနဲငယ်သာတွေ့ရသည် ..။တဦးနှစ်ဦးတုံးကတော့ လက်မလည်အောင်ရောင်းရသည်။ နောင်ရေင်းမယ့်သူတွေများလာတော့ ဝင်ငွေသိပ်မကောင်းတော့ ..။ ဂျာနယ်များတွင်လည်းကြည့်ပါ ..။စပေါ်ကာစက တာထွက်ဦးသူမှာ ဟန်လှသည်။ အလုအယက်ဝယ်ဖတ်ကြရသည်။ ဟော .. အခု ဂျာနယ်တွေမှိုှုလိုပေါက်လာတော့ … အလုပ်ဖြစ်သူလည်းရှိသည် မဖြစ်သူလည်းရှိသည်။ အကြံတူနောက်လူသာစမြဲဆိုသည်ကိုလည်း .. သတိပြုရမည့်အပြင် … ထိုဆိုရိုးစကားကို အတုယူဖို့လည်း သင့်သည် […]