Mr. MarGaAugust 27, 20141min52334
  အချစ် ဆိုတာ… ရသ ကိုးပါးစလုံး ရောယှက်နေတဲ့ အရာ…. :boss:   မနေ့ကပေါ့ဗျာ….. ဟိုတွေး ဒီတွေး ပတ် တွေးရင်းနဲ့ အပေါ်က စာသားလေး ထွက်လာလေရဲ့… (စိတ်ပါတုန်း တစ်ရက် ခေါင်းစဉ်တစ်မျိုးနဲ့ ဒီလိုလေးတွေ အဓိပ္ပာယ်ဖွင့်မယ်လို့တောင် တွေးထားမိသေး) အရင်နေ့ကတော့ အလွမ်းနဲ့ ပတ်သက်ပြီး ပြောဖူးတာလေး တင်မိတယ်။ အဲ့လို အဲ့လို.. တစ်ကိုယ်တည်း ထိုင် တွေးပြီး သကာလ တွေးမိတာလေးကို ဖဘမှာ တင်လိုက်သပေါ့။ တင်ပြီး သိပ်မကြာပါဘူး…. ရသ ကိုးပါးနဲ့ အချစ်နဲ့ ဘယ်လိုဆက်စပ်နေလဲ ဆိုတာ ရှင်းပြပါ လို့ ဦးပီချိုက လာမေးလေတော့ ကျနော်လဲ ကိုယ့်စကား ကိုယ် တတ်သလောက် မှတ်သလောက် နဲ့ ပြန်ရှင်းရလေသပေါ့….  :a: အဲ့လို ရှင်းရင်းနဲ့ ဒီစာ ထွက်လာပါတယ်။ ကျနော့် အတွေး ဖြစ်တာမို့ မှန်ချင်လည်း […]


Mr. MarGaOctober 23, 20134min27114
၂၀၁၃ ကိုတော့ မဟာနည်းပညာတွေရဲ့ ကျဆုံးခန်း လို့ ပြောရင် ရမယ်လို့ ထင်ရတယ်ဗျ။ နည်းပညာ ကုမ္ပဏီတွေ တစ်ခုပြီးတစ်ခု သူတို့ရဲ့ နည်းပညာကျဆုံးခန်းတွေကို ထုတ်ဖော်ကြေညာခဲ့ရတယ်။ အခု ပြောပြမှာက ဒီနှစ်ရဲ့ အကြီးမားဆုံး ကျဆုံးမှု ဆယ်ခု ပါ။   1. Google Reader Google ဟာ တစ်နှစ်တစ်နှစ်ကို ထုတ်ကုန်အသစ်၊ တီထွင်မှုအသစ်တွေ မြောက်များစွာ လုပ်လေ့ရှိပါတယ်။ ဒါ့အပြင် ပုံမှန် ရှင်းလင်းရေးအနေနဲ့ အဲဒီထုတ်ကုန်တချို့ကိုလည်း  ပြန်လည် ရပ်ဆိုင်းတတ်ပါသေးတယ်။ ဒီနှစ်မှာ အကြီးမားဆုံး ရပ်ဆိုင်းမှု အဖြစ် ကြေညာချက်ကတော့ Google Reader ပေါ့။ ဒီနှစ် ဇူလိုင်လကစလို့  ဒီထုတ်ကုုန်ကို ရပ်ဆိုင်းခဲ့ပါတယ်။ ရလာဒ်အနေနဲ့ကတော့ ကျန်တဲ့ RSS Reader တွေဖြစ်တဲ့ Feedly, Newsblur, Flipboard တို့တွေကို အသုံးပြုသူတွေ ပြောင်းလဲသုံးစွဲခဲ့ရပါတယ်။   […]


Mr. MarGaOctober 14, 20135min42826
မီးရှုးမီးပန်းတွေ (Fireworks)   စာမရေးဖြစ်တာလဲ ကြာပြီ။ ရေးမယ်လုပ်လိုက်၊ ဝေ့လိုက် နောက် ရေးမယ်လုပ်လိုက် ဟိုယောင်ယောင် ဒီယောင်ယောင်နဲ့ မေ့သွားလိုက် နဲ့။ ဘယ် ရေးဖြစ်မတုံး တစ်ယောက်တည်း ပတ်ပြီး အလုပ်ရှုပ်ချင်ယောင် ဆောင်နေတာလေ…။ အခုတော့ သီတင်းကျွတ်နား နီးပြီမို့ ဟို ဂျီးဒေါ်ကို ကတိပေးထားတာလဲ ရှိ။ ကိုယ်တိုင်လဲ နည်းနည်းပါးပါး မွှေနှောက်မိတာာမို့ ဒီတစ်ခါ ဦးမာဃ ရဲ့ တာဝတိံသာ research center ကနေ တင်ဆက်ချင်တာကတော့ မီးရှုးမီးပန်း (fireworks) တွေ အကြောင်းပါ။ တွေ့သလောက် နားလည်သလောက် တတ်သလောက်၊ မှတ်သလောက် တင်ပြလိုက်ပါတယ်။   မီးရှုးမီးပန်း ဆိုတာ… မီးရှုးမီးပန်း ဆိုတာကတော့ အနုပညာ ဖန်တီးမှုတွေ၊ ရိုးရာပွဲတော်တွေ၊ ဘာသာရေး […]


Mr. MarGaMay 16, 20131min48724
မဟာစင် မုန်တိုင်းကတော့ ကမ်းခြေကို ဝင်ရောက်ဖို့ အရှိန်အဟုန်နဲ့ လာနေပြီ။ နောက်ဆုံးခန့်မှန်းချက်တွေအရတော့ ဘင်္ဂလားဒေ့ရှ် နဲ့ မြန်မာနိုင်ငံ ကြားကနေ ဝင်လိမ့်မယ်လို့ ပြောလို့ရတယ်။ မြန်မာဘက်မှာဆို မောင်တော၊ ဘင်္ဂလားဒေ့ရှ်မှာတော့ စစ်တကောင်းပေါ့ ဒီမြို့တွေက အဓိက လမ်းကြောင်းပေါ်ကို ရောက်နေတယ်။ အထူးသဖြင့် စစ်တကောင်းက မုန်တိုင်းရဲ့ လမ်းကြောင်းနဲ့ တည့်တည့်ပဲ။ မြန်မာ အနေနဲ့တော့ မုန်တိုင်းလမ်းကြောင်းနဲ့ တည့်တည့်မှာကျတာ ချင်းပြည်နယ် တစ်ခုပဲရှိတယ် ကျန်တာတွေက မုန်တိုင်းဗဟို မရှိဘူး။ ဆက်ပြီး ခန့်မှန်းချက်အရဆိုရင် မြန်မာနိုင်ငံ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းအထိကို ဆက်သွားမယ်ဆိုတော့ မြန်မာဘက်က ရခိုင်ကမ်းရိုးတမ်းနဲ့ ချင်းပြည်နယ်ဘက် အဓိက အာရုံစိုက်ရလိမ့်မယ်။ ကံကောင်းတာတစ်ခုက အဲဒီဘက်မှာ ရခိုင်ရိုးမ ရှိနေတာကြောင့် အသင့်အတင့် အားလျော့သွားမယ်လို့တော့ ယူဆမိတယ်။ နောက် ဆက်ကာဆက်ကာ […]


Mr. MarGaMarch 4, 20131min46236
ကနေ့ facebook  ကို မွှေရင်း ဒါလေးတွေ့မိလို့ ရွာထဲကို ဆွဲလာပါသဗျ ကမာ္ဘတောင် ကျော်သွားတဲ့ အလွဲတွေလို့ ပြောရမှာပေါ့ MMU Trollers Page က ယူလာတာ ဖြစ်ပါတယ်။ ဘေးက ကွင်းစ ကွင်းပိတ်လေးများကတော့ ဦးမာဃရဲ့ ဆင့်ပွား အတွေးများပါဗျ။ ဖတ်ကြည့်ကြပါဦး   ကမ္ဘာကျော်အလွဲများ ================ ၁။ Windows ထုတ်လုပ်တဲ့ Microsoft ကုမ္ပဏီကို စတင်တည်ထောင်တုန်းက ဘီလ်ဂိတ်က ဆော့ဖ်ဝဲ ကုမ္ပဏီအသေးလေးလုပ်မယ်ဆိုပြီး နာမည်ကို Micro (သေးငယ်သော) Soft (Software) ဆိုပြီး နာမည်ပေးခဲ့တာ။ ယနေ့ခေတ်မှာ အကြီးဆုံးကုမ္ပဏီထဲက တစ်ခုဖြစ်နေပြီ။ (နာမည်ကိုသာ megasoft လို့ ပေးခဲ့ရင်တော့ ဘယ်လိုဖြစ်သွားမယ်မသိဘူးနော်) ၂။ စတိဗ်ဂျော့က သူ့ကုမ္ပဏီအသစ်ကို ဘယ်လိုနာမည်ပေးရင်ကောင်းမလဲစဉ်းစားနေချိန်မှာ သူ့သူငယ်ချင်းက စားဖို့ ပန်းသီးလာပေးတော့ တစ်ကိုက် ကိုက်လိုက်မိပြီး […]


Mr. MarGaFebruary 14, 20133min44020
အမြင့်ကိုမတက် မြေကိုသက်လို့ ပွင့်ပါတဲ့ မြေကပ်သစ်ခွ   သစ်ခွပန်း အမျိုးမျိုး တွေ့ဖူးကြပါလိမ့်မယ် ဦးမာဃလဲ အတော်များများကို တွေ့ဖူးပါတယ်။ အားလုံးနီးပါးဟာ သစ်ပင်တစ်ပင်ပင် ဒါမှမဟုတ် လေထဲမှာ တွဲလောင်းဆွဲပြီး ပွင့်ကြတာပါ။ သစ်ခွပန်း ဆိုတာနဲ့ သစ်ပင်ပေါ်မှာ ကပ်ပြီးပေါက်နေတဲ့ သစ်ခွပန်းကိုပဲ ပြေးမြင်တတ်ကြတာပါ။ ဒါပေမယ့် ရှားရှားပါးပါး အမြင့်ကိုမတက်ပဲနဲ့ မြေမှာကပ်ပြီး ပွင့်တဲ့ သစ်ခွပန်းတစ်မျိုး ရှိသဗျ ဟိုတစ်ရက်ကမှ စာအုပ်ပုံ မွှေရင်းနဲ့ Readers Digest က ထုတ်တဲ့ Facts and Fallacies – Stories of the Strange and Unusual ဆိုတဲ့ စာအုပ်ကို သွားတွေ့တယ် ဒါနဲ့ ဟိုလှန်ဒီလှန်လုပ်ရင်း ဒီပန်းကို သွားတွေ့တာပါ။ စိတ်ဝင်စားတာနဲ့ပဲ […]


Mr. MarGaNovember 11, 20121min27934
ကမ္ဘာပေါ်မှာ ခြင်မျိုးစိတ်ပေါင်း ၃၅၀ဝ ခန့် ရှိတဲ့အထဲကမှ ၁၀ဝ ခန့်ကသာ လူတွေကို အဓိက ဒုက္ခပေးတာဖြစ်ပါတယ်။ (အားလုံးသာဆို ဘယ်လိုနေမယ်မသိဘူးနော် တစ်ရာထဲမို့ တော်သေးတာပေါ့) ခြင်တွေ ဟာ ဂေဟစနစ်မှာ အဓိကကျတဲ့ နေရာမှာရှိတဲ့ သတ္တဝါတွေ ဖြစ်ကြပါတယ်။ သူတို့တွေဟာ ပန်းတွေကို ဝတ်မှုန်ကူးပေးရုံသာမက ငါးတွေ၊ ငှက်တွေနဲ့ အခြား အင်းဆက်တွေအတွက် အစာလည်း ဖြစ်ပါသေးတယ်။ ခြင်တွေဟာ လွန်ခဲ့တဲ့နှစ်သန်းပေါင်း တစ်ရာခန့်ကတည်းက ရှိခဲ့တဲ့ သတ္တဝါတွေဖြစ်ပါတယ်။ ဒါ့အပြင် သူတို့တွေဟာ ကျန်တဲ့ မျိုးစိတ်ပေါင်း မြောက်များစွာနဲ့ ထွေးရောယှက်တင် ရှိနေခဲ့တဲ့အတွက် သူတို့တွေဆီကနေ အခြားသတ္တဝါတွေရဲ့ အကြောင်းကို သိရှိနိုင်ပါသေးတယ်။ (ဟိုတစ်လောကတောင် ခြင်တစ်ကောင်ရဲ့ သွေးထဲက ဒိုင်နိုဆော DNA တွေ့တယ်လို့ ကြားလိုက်သေးတယ်) ခြင်တွေဟာ လူသားတွေအတွက်တော့ […]