သဂျီးခင်ဗျား ။ ကျွန်တော်နှင့်တကွ ရွာသားများရှင်းလင်းစွာသိနားလည်စေနိုင်ရင် ဂရုဏာရှေ့ထားပြီး မေတ္တာတရားနဲ့ဖြေကြားပေးပါခင်ဗျား ။ သံတွဲမြို့မှ မန်ဘာ အာရက္ခမြေသားမှ “မောင်တုတ်ကြီး က ဘယ်သူက ဘာသုံးနေပါသည်ကို ဖော်ပြပေးမည်ဆို၍ ကျေးဇူးတင်ရပါတော့မည်။အကောင့်အချို ့ကိုသိထားပြီ ဟုအကြောင်းကြားလာပါသည်။ ´´ ဟု ပြောကြားသွားပါတယ်ခင်ဗျား ။ ဒီကိစ္စအပေါ်မှာမေးချင်တာပါခင်ဗျား ။ မန်းလေးဂေဇက် မန်ဘာတစ်ဦးရဲ့ လွပ်လပ်ခွင့်ဆိုတာဘာပါလဲခင်ဗျား ။ မန်ဘာဝင်ရာမှာ နာမည်ပြောင် ပေးရပါတယ် ။ အဲဒီလိုပေးရတာဟာ ဒီဝက်ဘ်ဆိုက်ရဲ့ မန်ဘာတွေအတွက် လုံခြုံးရေးလို့ထင်ပါတယ်ခင်ဗျား ။ ခုမောင်တုတ်ကြီးလုပ်တဲ့အလုပ်က မန်ဘာဝင်တွေကို ဖေါ်ထုတ်တယ်ဆိုတာ မန်းလေးဂေဇက်ကြီးတစ်ခုလုံးရဲ့သိက္ခာကို ဘယ်နားသွားထားရမှန်းမသိဖြစ်သွားပြီလို့ထင်ပါတယ် ။ကျွန်တော်တို့သိသလောက်ကတော့ မန်းလေးဂေဇက် ဆိုတာ နိုင်ငံတော်ကခွင့်ပြုပေးထားတဲ့ သတင်းဝက်ဘ်ဆိုက်တစ်ခုလို့သိရပါတယ်ခင်ဗျား ။ မန်းလေးဂေဇက်မန်ဘာဝင်ခြင်းအားဖြင့် နိုင်ငံတော်ကိုပုန်ကန်မှုဖြစ်ပါသလားခင်ဗျား ။ နိုင်ငံတော်ကိုဆန့်ကျင်မှုဖြစ်ပါသလားခင်ဗျား ။ ရာဇဝတ်မှုမြောက်ပါသလားခင်ဗျား ။ […]