ကောင်းကင်ကလ ကွေးကောက်ကောက် လဆန်းပိုင်း တစ်ရက်မှာ တောတွင်းပျော်တို ့ မြေသယ်ကားကြီး ၅စီးနဲ ့ လူ၅ယောက်ပါတဲ ့အုပ်စု kelantan ပြည်နယ်နဲ ့ pahan ပြည်နယ် နယ်စပ်မျဉ်းပေါ်က လော်ကယ်ရထားဆိုက်တဲ ့ Sungai Timau ဆိုတဲ ့ရွာရဲ ့ အနောက်မြောက် ၄ ကီလိုမီတာအကွာလောက်က သံသတ္တုရိုင်းထုတ်တဲ ့ mine စခန်းကို ရှေ ့ပြေးအနေနဲ ့ ရောက်လာခဲ ့ကြတယ်။ ဒီဒေသက မလေးရှားနိုင်ငံရဲ ့ နာမည်ကြီး Taman Negara သစ်တောကြိုးဝိုင်းရဲ ့အစွန်ဒေသတစ်ခုပေါ ့။ တောတွင်းပျော်တို ့အုပ်စုမှာက မြန်မာ ၄ယောက်နဲ ့ ကားအုံနာသူဋ္ဌေးရဲ ့ ယောက်ဖတော် တရုတ်တစ်ယောက်။ သူ […]