နွဲ ့ဆိုးရယ်၊ နွဲ ့ဆိုးမမ ညိုလေးရယ် ကျနော်ရယ် သုံးယောက်သား တစ်နေရာမှာ ထိုင်နေကြတယ်။ နွဲ ့ဆိုးက ကျနော ့ ပုခုံးပေါ် သူ ့ခေါင်းလေးမှီချလိုက်တော ့၊ ကျနော် သူ ့ပုခုံးလေးကို အသာလေး ပြန်ထွေးဖက်ထားလိုက်တယ်။ နွဲ ့ဆိုးတစ်ယောက် တတွတ်တွတ်နဲ ့ မမောနိုင်မပန်းနိုင် စကားတွေ အများကြီးပြောလို ့။ ညိုလေးနဲ ့ ကျနော်က ဘာတစ်ခွန်းမှပြန်မပြောဘဲ နွဲ ့ဆိုးပြောသမျှ အသာနားထောင်ရင်းက နွဲ ့ဆိုးကိုစောင်းငဲ ့ကြည် ့လိုက်တော ့ သူ ့မျက်နှာလေး ကြည်လင်ဝင်းပ ရွှင်ပျလို ့။ နွဲ ့ဆိုးတစ်ယောက် ပြုံးနေရယ်နေတယ်လေ……. အိပ်ယာကနိုးလာပြီး ဘေးက ဖုန်းနာရီကြည် ့လိုက်တော ့ […]


ပြီးခဲ ့တဲ ့ MALAY HARIRAYA (မလေးနှစ်သစ်ကူး) မှာ စခန်းရှိ လူအကုန် အလျှိုလျှိုပြန်ကုန်တော ့ ထုံးစံအတိုင်း တောတွင်းပျော်တစ်ယောက်တည်း စခန်းစောင် ့ကျန်ခဲ ့တယ်။ စခန်းမှာ စက်ယန ္တရားတွေ အများကြီးမို ့ အစောင် ့မရှိလို ့မရ။ နောက်ပြီး တောတွင်းပျော် ကိုယ်တိုင်ကလည်း မြို ့ပေါ်တက်ချင်စိတ်မရှိ။ စခန်းမှာ အိပ်စားအိပ်စားနဲ ့ ကင်းခရလည်း မနည်းဘူးပဲ။ တောနက်ခေါင်ခေါင် အင်တာနက်လိုင်းမရှိ၊ ဖုန်းလိုင်းမရှိပေမယ် ့ အပြင်ဖက် ကမ္ဘာနဲ ့တော ့ အဆက်အသွယ်တော ့ မပြတ်။ နေ ့ရော ညပါ ခေါင်းပေါ် ဖြတ်ဖြတ်ပျံနေတဲ ့ လေယာဉ်တွေက တောတွင်းပျော်ရဲ ့ အပြင်ကမ္ဘာပဲ။ […]


ဝဲသီလာရွာမှာ အသံမစဲပဋ္ဌာန်းပွဲလုပ်တော ့ ထူးထူးဆန်းဆန်း ဖြစ်ရပ်လေးတစ်ခု ဖြစ်သွားသေးတယ်။ (ဒါက ဂေဇက်ရွာသူ၊ရွာသားတွေ ဝေဖန်ဆွေးနွေးနိုင်ကြအောင်လို ့ပါ။ တောတွင်းပျော်ကတော ့ ဉာဏ်မမှီတော ့ ဘာမှ ဝင်မဆွေးနွေးတော ့ပါဘူး) ကျောင်းမှာ ကျောင်းသူကျောင်းသားတွေ ပြောပြကြလို ့ တစ်ညနေ ကျောင်းအဆင်းမှာ ဝဲသီလာရွာကို ကျောင်းသားလေးတွေနဲ ့ လိုက်သွားခဲ ့တယ်။ သူတို ့ပြောတဲ ့အတိုင်း အဟုတ်ပါပဲ။ ပဋ္ဌာန်းရွက်တဲ ့ ဦးဇင်းတွေ၊ ကိုရင်တွေထိုင်တဲ ့ စားပွဲရှေ ့က လူပရိဿတ်နဲ ့ ခြားထားတဲ ့ ရာဇမတ်ကာ တန်းပေါ်မှာ ငှက်လေးတစ်ကောင်။ ငှက်အမျိုးအစား နာမည်ကိုတော ့ တောတွင်းပျော် မခေါ်တတ်။ ပဋ္ဌာန်းရွက်တဲ ့ ဦးဇင်းတွေဖက်လှည် ့ပြီး […]


နောက်တစ်ယောက်က နော်စီမံကိန်း ခေါ် နော်မြင် ့မြင် ့အေး။ စကားအပြောအဆိုနည်းပြီး မကြာမကြာ မျက်ရည်ဝဲတတ်သူ။ ဘယ်ပုစ ္ဆာမဆို ၂ခါ ရှင်းပြစရာမလို၊ ချက်ချင်းတွက်တယ်။ လက်ရေးညီညီညာညာ သေသေသပ်သပ် ရေးတတ်ပြီး စာတော်တဲ ့သူ ့ကြောင် ့ အတန်းတင်စာမေးပွဲဖြေဆိုနေချိန်မှာ တခြားအုပ်စုကျောင်းက ဆရာမကြီးတွေက ဆရာ ့တပည် ့မလေး၊ ဆရာ ့တပည် ့လေး ဆိုပြီးဝိုင်းချီးမွန်းခံရတော ့ ကျနော ့မှာ သူ ့ကြောင် ့ တပည် ့ကောင်းဆရာ ပန်းကောင်း ပန်လိုက်ရသေးတယ်။ ဒီနှစ် စာမေးပွဲမှာ နော်စီမံကိန်းက အမှတ်အကောင်းဆုံး၊ အများဆုံးနဲ ့ပထမရသွားခဲ ့တယ်။ နော်စီမံကိန်း တစ်ယောက်သာ တက္ကသိုလ်ရောက် ဘွဲ ့ရသည်အထိတက်နိုင်ခဲ ့ပြီး သူနဲ […]


နေ ့လည်ကျောင်းဆင်းတော ့ နေ ့လည်စာကို ဘုန်းကျောင်းမှာပဲ ဘုန်းကျောင်းသားတွေနဲ ့အတူစား။ တောကျောင်းဆိုတော ့ ဟင်းဘာမှ ဖွယ်ဖွယ်ရာရာမရှိ။ တို ့စရာနဲ ့ ငပိဖျော်ရည်သာ အဓိက။ ကျောင်းသား ၆ယောက်နဲ ့ ဆရာ ၂ယောက် ရှိသမျှ မျှစားရတယ်။ မွန်းလွဲကျောင်းပြန်တက်တော ့မှပဲ ကျောင်းသားတွေ သင်ထားခဲ ့တဲ ့ သင်ခန်းစာတွေပြန်စစ်ပြီး သင်ကြားမှု စတင်ပါတော ့တယ်။ တောတွင်းပျော် စာသင်ပုံက ဘာသာရပ်လိုက် အချိန်ခွဲမနေတော ့ပဲ လိုနေတဲ ့အပိုင်းကို ဖိသင်တာပါ။ စာသင်ချိန်က တစ်လတည်းရှိတော ့တာမို ့။ စာသင်စမှာ ကိုယ်လုပ်နေကြအလုပ်မျိုးမဟုတ်တော ့ အိုးနင်းခွက်နင်းဖြစ်ခဲ ့ပေမယ် ့ နောက်တော ့လည်းအဆင်ပြေသွားတယ်။ အရင် […]


အကို၊ အကို… ခေါ်သံနဲ ့အတူ ခြေထောက်ကနေ လှ ုပ်နှိုးခံရလိုက်ရတာမို ့ စောင်ခြုံကွေးအိပ်ပျော်နေတဲ ့ကျနော် လန် ့နိုးထ လာတယ်။ ချမ်းချမ်းစီးစီး ဆောင်းတွင်းမနက် အိပ်လို ့ကောင်း၊ ကွေးလို ့ကောင်းတုန်း! ကျနော်မျက်လုံးဖွင် ့ကြည် ့လိုက်တော ့ ကျနော ့ခြေရင်းမှာ မောင်တင်ဋ္ဌေး… ဟား တင်ဋ္ဌေး၊ စောစောစီးစီး ဘာကိစ္စရှိလို ့လဲဟ! ကျနော်မေးလိုက်တော ့ ဟား! အကိုကလည်း အကို ဒီနေ ့ကျောင်းတက်ရမှာလေ… ဟေ! ငါကဘယ်ကျောင်းတက်ရမှာလဲဟ? အကိုတော ့လုပ်ပြီ၊ သီတာရွာကလူကြီးတွေပြောတော ့ အကိုဒီနေ ့ အလုပ်ဝင်ရမှာဆို…… ဟား! ပြန်သတိရပြီ… ဟုတ်သားပဲ။ ပြီးခဲ ့တဲ ့နှစ်ပတ်ကျော်လောက်က တောတွင်းပျော် ့အိမ်ကို […]


တောင်စောင်းဘေး မြေပြန် ့ပေါ်တည်ထားတဲ ့ခုနှစ်ဝါရွာလေးရဲ  ့ဘေးက ကွေ ့ဝိုက်စီးဆင်းလာတဲ ့ ခုနှစ်ဝါကျောက်ချောင်းရဲ ့တောင်ဘက် ၂မိုင်အကွာလောက် နေရာက ကြည်လင်အေးမြတဲ ့ ခုနှစ်ဝါချောင်းကိုဖြတ်ပြီးတက်လိုက်ရင်ပဲ မြက်ခင်းစိမ်းစိမ်းနဲ ့ ကွင်းပြင်ကိုရောက်တော ့တာပါပဲ.. နေလည်းမြင် ့တက်နေပြီ… နွားတွေကို အစာကျွေးဖို ့ ရပ်နားရင်းနဲ ့ လူတွေလည်း မနက်စာအတွက် ချက်ပြုတ်ဖို ့ပြင်ဆင်ရတော ့တယ်။   ကျောပေါ်က တနိုင်ဝန်စည်တွေကိုချ၊ နွားလှန်တဲ ့သူက လှန်၊ ထမင်း ဟင်းချက်ပြုတ်ဖို ့ပြင်ဆင်တဲ ့လူက ပြင်ဆင်… ခေါင်းဆောင်ကတော ့ ဓါးတိုတစ်လက်နဲ ့ ချောင်းရိုးအတိုင်းဆင်းသွားပြီး တွေ ့သမျှ အသီး အရွက် အဥ တို ့စရာအတွက် အရှာထွက်သွားတယ်။ […]