တောတွင်းပျော် ငယ်ငယ်က အိမ်ခြေသိပ်မများလှတဲ ့ အထက်ကျောင်း တစ်ကျောင်းတည်းသာရှိတဲ ့ တောင်ပေါ်မြို ့ကလေးမှာ နေခဲ ့ရတယ်။ ကစားဖော်ဆိုတာက လက်ချိုးရေတွက်လို ့ရတဲ ့ ၆/ရ ယောက်လောက်သာ။ ဒီအုပ်စုတွေက အသက်အရွယ်စုံ အတန်းကြီးအတန်းငယ်တွေ။ မတည့်လည်း ဒီအုပ်စု တည် ့လည်းဒီအုပ်စု။ ဒီ ့အပြင် တခြားလူတွေကမှ မရှိတာပဲ။ သူငယ်ချင်း အများစုက ပညာရေးဝန်ထမ်းသားသမီးတွေ။ အဆော ့ကလည်းသန်ပါ ့။ စနေ တနင်္ဂနွေ ကျောင်းပိတ်ရက်များဆို တနေကုန် တနေခန်း။ သူငယ်ချင်းအဖေကျောင်းအုပ်ကြီး ကိုယ်တိုင် ပြူးတင်းပေါက်က ကြိမ်တုတ်နဲ ့ ကိုယ်ယောင်ပြမှ နားလိုက်ကြတာ။ ဒါတောင် မိုးစုံးစုံးချုပ် မမြင်မကန်းတဲ ့အထိ ဘောလုံးကန်လို ့ ကောင်းနေကြတုန်းကိုး။ ဆရာကြီးရဲ ့ […]