မနက်စောစော လေထန်ကျောင်းဆရာတော်ဆီက ဖုန်းဝင်လာတယ်။ “ တောတွင်းပျော်၊ မင်းအားရင် ငါ ့ကားကို မောင်းပေးအုံး၊ တဖက်ရွာက လူမမာကို ဆေးရုံပို ့မလို ့” ဆရာတော်ကျောင်းမှာ ကျောင်းသားကပ္ပိယမရှိ။ ကားမောင်းတတ်တဲ ့ ဦးဇင်းတွေရှိပေမယ် ့ ဝိနည်းနဲ ့ မတော်လို ့ ခုလို အရေးအကြောင်းရှိရင် တောတွင်းပျော်ကို ခေါ်နေကျ။ လူမမာရဲ ့ အခြေအနေ ဘယ်လိုရှိသလဲ ဘုရား ပြန်မေးတော ့ “ သိပ်ဟန်ပုံ မရဘူး” ဒါနဲ ့ တောတွင်းပျော် ဆရာတော်ကျောင်းကို သွားပြီး ကားကို လိုအပ်တာတွေ စစ်ဆေးလုပ်နေလိုက်တယ်။ သွားရမယ် ့ ခရီးကလည်း ဝေးတာကိုး။ ကား စစ်ဆေးလုပ်နေချိန်မှာပဲ ဆရာတော် တောတွင်းပျော်ဆီ ရောက်လာပြီး […]


တစ်ခါက ပိုစ်တစ်ခုရဲ ့အောက်မှာ လူတွေသေတဲ ့အခါ မှတ်ဉာဏ် မင်မိုရီ ပို ့လွှတ် လက်ခံတယ်ဆိုတဲ ့ အယူအဆတစ်ခု သဂျီးက ကော်မန် ့နဲ ့ ချပြခဲ ့ဖူးတယ်။ ဒီအယူအဆနဲ ့ ပတ်သက်ပြီး တူညီတယ်ထင်ရတဲ ့ အဖြစ်အပျက်တစ်ခုကို ကျနော် တောတွင်းပျော် ပြောပြချင်ပါတယ်။ ရွာသူားတွေ အတွေးပွားဖို ့ မီးတစ်စ တောတွင်းပျော် တို ့ပါတော ့မယ်။ _ _ _ _ _ _ _ _ _ _ _ _ _ တောတွင်းပျော်တို ့ အမေ ့ရွာကို ပြောင်းလာကာစပါ။ တောတွင်းပျော်တို ့အိမ်တောင်ဖက် […]